ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့နယ်တွေမှာ ဒီဇင်ဘာလ ၂၆ရက်၊  ဒီနေ့တစ်မနက်အတွင်းမှာပဲ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဒီနေ့မနက်အစောပိုင်း ၈နာရီခွဲအချိန်မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်မှာရှိတဲ့ AK Cosmetic ဆိုင်က ဆိုင်ပိုင်ရှင်အမျိုးသမီးကို ဓားနဲ့ထိုးသတ်ကာ ဆွဲကြိုးနဲ့ ဖုန်းတွေယူဆောင်သွားတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ရှင်ဖြစ်သူ ​ဒေါ်​အေးအိခိုင်တစ်ယောက် ဆိုင်ထဲရှိနေချိန် အမျိုးသား၁ယောက်က ဒေါ်အေးအိခိုင် ဝတ်ဆင်ထား​တဲ့ ရွှေဆွဲကြိုးကို ဝင်​ရောက်လုယက်ခဲ့ကြောင်း ၊ ဒေါ်အေးအိခိုင်က ပြန်လည်ခုခံတာကြောင့် လုယက်သူက ဓါးနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့သလို ဒေါ်အေးအိခိုင်လည်း နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။

အခင်းဖြစ်ပွါးခဲ့သည့် ရန်ကုန်မြို့ AK Cosmetics Store

မန္တလေးမြို့မှာလည်း နဂါးနန်းတော် ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားတွေ ပါသွားကြောင်း သိရပါတယ်။

ဒီနေ့မနက် ၈နာရီ ၅၀မိနစ်အချိန်မှာ ချမ်းအေးသာစံမြို့နယ်၊ ကဥ္စဏမဟီရပ်ကွက်၊ ၇၇လမ်း ၊ ၃၂x၃၃လမ်းကြားမှာရှိတဲ့ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို အမည်မသိ အမျိုးသား၂ယောက်က သေနတ် အတို၁လက်၊ အရှည်၁လက်ပြပြီး ဓားပြတိုက်သွားတာဖြစ်ကြောင်း၊ ရွှေထည် ၁ပိဿနီးပါးနဲ့ ငွေကျပ်သိန်း ၃၀ ယူဆောင်သွားကြောင်း စစ်အုပ်စုထောက်ခံတဲ့ ချန်နယ်တွေမှာ ဖော်ပြပါတယ်။

အခင်းဖြစ်ပွါးခဲ့သည့် မန္တလေးမြို့ နဂါးနန်းတော် ရတနာရွှေဆိုင်

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ကားပိုင်ရှင် အမျိုးသမီး ၁ ယောက် ပစ်သတ်ခံရပြီး ကားလုယူမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မုံရွာမြို့၊ မန်ကျည်းပင်စျေးအနီးမှာ ဒီဖြစ်စဥ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးဟာ နေရာတင် သေဆုံးခဲ့သလို ကားလုယူသွားသူတွေကလည်း ကားကို စွန့်ပစ်သွားကြတယ်လို့ မုံရွာပလဖက ပြောပါတယ်။

ကျူးလွန်သူတွေရဲ့ အချက်အလက်တွေနဲ့ စွန့်ပစ်ခဲ့တဲ့ကားကို ရခဲ့ပြီဖြစ်တာကြောင့် အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဆိုထားပါတယ်။

မုံရွာမြို့တွင် လူသတ်လုယက်ပြီး ပြန်လည်စွန့်ပစ်ခဲ့သည့် ကား။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းကာလ ၃နှစ် ကျော်အတွင်း မန္တလေးမြို့က ရွှေဆိုင်ဓားပြမှုတွေအပါအဝင် လူသတ်မှု၊ လုယက်မှုတွေ အဆမတန်ဖြစ်ပွားခဲ့ပြီး တရားဥပဒေစိုးမိုးမူအားနည်းနေတာနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်လက်အောက်ခံတွေပါဝင်ပက်သက်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကနီ ပကဖ လေကြောင်းရန်ကာကွယ်ရေး သင်တန်းပေး (ဓာတ်ပုံသတင်း)

ကနီမြို့နယ်အတွင်း ပြည်သူအခြေပြု စာသင်ကျောင်းတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးနဲ့ လက်တွေ့သရုပ်ပြသင်တန်း လေ့ကျင့်ပေးမှုတွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပကဖအသံက ဖော်ပြထားပါတယ်။
Read More

ပခုက္ကူမှာ စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူရွာထဲကို တော်လှန်ရေးတပ်တွေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ​အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
Read More

မော်လိုက်မြို့နယ်ရှိ စစ်တပ်နှင့်ပျူ ပူးပေါင်းအထိုင်ချထားသည့် ထော်သာစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းအထိုင်ချထားတဲ့ ထော်သာစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

DKBA ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်း၊ လက်နက်များစွာ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းရာ DKBA တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်များစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။