ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ပွဲတစ်ခုအတွင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲ့ဘော် J7 ရဲ့ ဈာပနအခမ်းအနားကို ရာနဲ့ချီတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူ ပြည်သူတွေက လိုက်လံပို့ဆောင်ခဲ့ကြပါတယ် ။

ရတီအောင်(ခ) J7 ရဲ့ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံမှုကို  ပခုက္ကူခရိုင်၊အမှတ်(၇)တပ်ရင်းမှရဲဘော်များနဲ့ ပြည်သူလူထု အပေါင်းတို့ကအလေးနီပြု၍ တော်လှန်ရေးသမိုင်းတွင် ကမ္ဗည်းမော်ကွန်းတင်အပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ အိမ်မွေးဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ ဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်၊ ၁ ဦးသေပြီး အရာရှိအပါ ၆ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး အရာရှိ ၁ ယောက်အပါ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - Fire Dragon တပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါ စစ်ကောင်စီတပ်သား ၂ ဦးကို တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စက်တွင်းအထိုင်စခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက်လုံး နေရာမှာတင် သေဆုံးသွားတယ်လို့ ပြည်သူ့လူမိုက်အဖွဲ့  (Local PDF) ထံက သိရပါတယ်။
Read More

မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်ကို ချင်းပြည်ကောင်စီက လေးမြတ်စွာ ဂုဏ်ပြုတယ်လို့ ထုတ်ပြန်

ချင်းညီနောင် နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေ မှာ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ်  လေးမြတ်စွာဂုဏ်ပြုတယ်လို့ ချင်းပြည်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

96 Soldiers PDF က တော်လှန်ရဲဘော်တွေအနေနဲ့ လုံခြုံရေးသတိ၊ အသိနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်မှာ စဥ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေတယ်လို့ 96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ညပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။ 
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။