ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

ချင်းညီနောင်က ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ကန်ပက်လက် မြို့သိမ်းတိုက်ပွဲကို ဒီနေ့ (ဒီဇင်ဘာ ၂၂) ရက်မှာ စတင်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲတော့မှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၉ ရက်က ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်နဲ့ ဖလမ်းတို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ပါတယ်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မြို့ပေါ်က စစ်ကောင်စီတပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်တဲ့ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်မှာ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းက စစ်သားနဲ့ ရဲ စုစုပေါင်း ၁၂၃ ယောက်နဲ့အတူ မိသားစုဝင်တွေ လက်နက်ချ အညံ့ခံလာတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။

မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ စတင်ပြီး ရက်ပိုင်းအကြာမှာပဲ ကန်ပက်လက်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ တရားဝင် အသိပေးထုတ်ပြန်လိုက်တာပါ။

ထန်တလန် တိုက်ပွဲကို ချင်းပြည်ကောင်စီ (CC) ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး မင်းတပ်နဲ့ ဖလမ်းမြို့တို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက Operation CB အဖြစ်သတ်မှတ်ကာ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

တခြားသော တိုင်းရင်းသားဒေသတွေနဲ့ မတူညီတဲ့ အချက်ကတော့ ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီ ဆိုတဲ့ တော်လှန်ရေးအဖွဲ့နဲ့ ချင်းညီနောင်တပ်ဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲကာ စစ်ကောင်စီကို ဖိအားပေးတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကြာမြင့်လာချိန်မှာ ချင်းပြည်နယ်က မြို့ ၇ ခုကို ချင်းတော်လှန်ရေး အဖွဲ့တွေက သိမ်းပိုက်ထားပြီး စစ်တပ်က ပြည်နယ် မြို့တော် ဟားခါး၊ ကန်ပက်လက်နဲ့ ဖလမ်း တို့ကိုသာ ထိန်းချုပ်ထားနိုင်ပါတော့တယ်။

ပုံစာ – ချင်းညီနောင်စစ်ဆင်ရေး မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ရရှိခဲ့သည့် လက်နက်များ (ပုံဟောင်း)နှင့် ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စတင်မည့်အကြောင်း ကြေညာချက်

0 Shares:
You May Also Like
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။
Read More

မိုးမိတ်ခရိုင် ပ.ကဖ အထူးတိုက်ခိုက်ရေးတပ်ရင်း – ( ၁ ) အပတ်စဥ် – ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်း - ( ၁ ) အပတ်စဥ် - ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား အလင်းဝင်ရောက်လာဟု DPLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား အများအပြား အလင်းဝင်ရောက်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုလွတ်မြောက်ရေးတပ်တော် (DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်အား အလေးပြုခြင်းနှင့် သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်း

ကျဆုံးရဲဘော် ခူးဟားရယ်ဟာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရင်း အောက်တိုဘာလ ၁၆ ရက်က ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။