အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။
ဖမ်းဆီးရရှိမိတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကိုပါ ထုတ်ပြန်လာပြီး AA က အမ်း နပခကို ထိန်းချုပ်လိုက်ပြီလို့ အသိပေးလာပါတယ်။
အာရက္ခဒေသ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့တဲ့ နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီ နောက်ဆုံးမှာ လက်ရသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
မရပ်မနားတဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အမ်းမြို့နယ်တစ်ခုလုံးအား ယနေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ (၁၄) မြို့မြောက် မြို့ဖြစ်လာခဲပါပြီ။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက်ကို အသေမိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ သိမ်းပိုက် ထိန်းချုပ်လိုက်တဲ့ အိမ်းအပါအဝင် စုစုပေါင်း (၁၄) မြို့မှာ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ပဲဖြစ်ပါတယ်။
လက်ရှိအချိန်၌လည်း ဂွမြို့ကို အာရက္ခတပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ဂွမြို့၏ ဒေသခံတပ်ရင်းများနှင့် စစ်ကူလာသော တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းပေါင်း များစွာတို့ဖြင့် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အကြီးအကျယ် စစ်ရေးရှုံးနိမ့်မှုတွေရှိခဲ့ပြီး ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။
ရာနဲ့ချီတဲ့ တပ်ရင်းတပ်မတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းနဲ့ လေယာဉ်ကွင်းနှစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခုလုံးကိုပါ အခု လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်း သတ်ဖြတ်ခဲ့တဲ့ AA ရဲဘော်တချို့ကို အရေးယူအပြစ်ပေးပြီးပြီ ဟု AA ပြောခွင့်ရ ခိုင်သုခ ပြော၊ ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံဘူး ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရှမ်းပြည်တပ်မတော်တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနား SSPP/SSA ဌာနချုပ်တွင် ကျင်းပပြုလုပ်

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ဧပြီလ (၂၄) ရက် ဒီနေ့ မနက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူများ အပါအဝင် စစ်တပ်အရာရှိတချို့ကို စစ်ကောင်စီက စည်သူဘွဲ့များ ချီးမြှင့်

ဦးသိန်းစိန်လက်ထက်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေကို အာဏာသိမ်း စစ်ကောင်စီက စည်သူဘွဲ့တွေ ပေးအပ်လိုက်ပါတယ်။
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပြန်

တပ်မတော်(ရေ)ကို  သုံးဖက်မြင် စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။