ပခုက္ကူတပ်မ ၁၀၁ အပါအဝင် လက်အောက်ခံ တပ်ရင်းတွေကို အဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သားလိုင်းခန်းတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၇ရက်နေ့ မနက်ပိုင်းက ပခုက္ကူတပ်မ ၁၀၁နဲ့ ခလရ-၂၅၁ ၊ ခလရ-၂၅၂ တပ်ရင်းတွေကို အဝေးပစ် ဒုံး ၈လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“အဲ့နေ့က ပစ်တဲ့ အဝေးပစ်က ခလရ-၂၅၂ က ၁ကောင်သေပြီး တော်တော်များများ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ နောက်ပြီး တပ်လိုင်းခန်းတွေနဲ့ ဘန်ကာတွေအပေါ် ကျတယ်။​ နောက်ပြီး ၁၈ရက်နေ့ကလည်း BRR(Burma Revolution Rangers) အဖွဲ့က ခလရ ၂၅၂ ထဲဝင်ပစ်တာ စစ်တပ်ဘက်က အရာရှိအပါ ၂ယောက် သေတယ်။ ကိုယ့်ဘက်က ရဲဘော် ၁ယောက် ကျတယ်” လို့ Cobra One အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ၁၇ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေကို တိုက်ခိုက်နေစဥ်

ဒီတိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့နဲ့အတူ TaTy Pakokku pdfတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့နဲ့ COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက လူငယ်တွေကို အ​ကြောင်းမဲ့ဖမ်းဆီးရင်း တပ်မ ၁၀၁အပါအဝင် လက်အောက်ခံတပ်ရင်းတွေဆီ တပ်သားသစ်အဖြစ် ပို့​ဆောင်တာမျိုးတွေရှိတယ်လို့ သိရပါတယ်။

“ဘယ်လိုမျိုးတွေလဲဆိုတော့ ပခုက္ကူ ဧရာဝတီတံတားပေါ်မှာတင် ၁၀ဦးကျော် ပါသွားပါတယ်။ ရပ်ကွက်အချို့မှာလည်း အိမ်တွေထဲထိ ဝင်ဆွဲလို့ လူငယ်တွေ ပါသွားပါတယ်။ ၂၅၉ တပ်ထဲကို စုပြီးမှ ၁၀၁တပ်မကို ပို့တာပါ။” လို့ Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာ၁၇ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေကို တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

စလင်းတွင် နိုဝင်ဘာလအတွင်း အရပ်သား ၃၀ နီးပါး ပေါ်တာဆွဲခံရပြီး အဆမတန် ငွေညှစ်ခံရသူ ၂ ဦးသာ ပြန်လွတ်လာ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ နိုဝင်ဘာလ တစ်လတည်းအတွင်း လူငယ် ၂၉ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပြီး ငွေပေးနိုင်သူ ၂ယောက်သာ လွတ်မြောက်ကာ ကျန်တဲ့သူတွေ စစ်သင်တန်းကျောင်း ပို့ဆောင်ခံရကြောင်း ပြည်သူ့ညီနောင် - စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီ ရဲတပ်သား ၁ ယောက်ကို လက်နက်တွေနဲ့အတူ ပစ်ခတ်ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ အနီးကပ်ချောင်းမြောင်းချိန် ကင်းပတ်ထွက်လာတဲ့ ရဲတပ်သားတစ်ယောက်ကို လက်နက်နဲ့တကွ ပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Thurain-TR) က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရ..

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ခလရ ၂၅၆ မှ တပ်သားတစ်ဦး အရက်မူးနေသည့် တပ်ကြပ်ကြီး၏ သေနတ်ကိုပါ ယူဆောင်အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စစ်ကော်မရှင်တပ် ခလရ ၂၅၆ က တပ်သားတစ်ယောက်ဟာ အရက်မူးနေတဲ့ တပ်ကြပ်ကြီးရဲ့ သေနတ်ကိုပါ ယူဆောင်ကာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ အညာဒေသက PDF ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆို (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂ ၊ ၁၆ နဲ့ ဗျူဟာ ၅၂ ၊ ၅၃ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံ ပြည်သူတွေ သောင်းသောင်း ကြိုဆိုနေတဲ့ ပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။