ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၄နာရီလောက်ကလည်း ဆိုင်ကယ် ကယ်ရီမောင်းသူ ၄ယောက်ကို ပေါ်တာဆွဲခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခရီးသွား ၁၀ ယောက်ကိုလည်း ပေါ်တာဆွဲခဲ့သေးတယ်လို့ သိရပါတယ်။

“သူတို့ BGF တပ်ဖွဲ့ အရာရှိမှန်း မသိဘဲ အတင်းဆွဲခေါ်သွားတာ.. အမှတ် ၁ရပ်ကွက်မှာပေါ့။ မနေ့ညကလည်း DKBA ဖွင့်ထားတဲ့ အာဝါဒေးမှာလည်း အရပ်ဝတ်နဲ့ လူတစ်ယောက်ကို အဖွဲ့အစည်းကမှန်း မသိဘဲ မှားပြီးဆွဲသွားသေးတယ်” လို့ မြဝတီမြို့ BGF တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

မြဝတီမြို့နယ်ထဲက တည်းခိုခန်းတွေ၊ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်တွေက မကြာခဏ ဧည့်စာရင်း ဝင်စစ်လေ့ရှိသလို ခရီးသွားတွေကိုလည်း လမ်းပေါ်မှာ စစ်ဆေးကာ မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားမှုတွေ ရှိတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

အင်အားချိနဲ့နေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်မှုထမ်း အပတ်စဉ် (၈) ကို ရောက်လာချိန် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ နိုင်ငံအနှံ့ ပိုမိုဆိုးဝါးလာနေပြီး ယောက်ျားသား မြင်တာနဲ့ ဘာမှမမေးမမြန်းဘဲ ပေါ်တာဆွဲချင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ

စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် စဥ့်ကူနယ်မြေ ရဲစခန်းကို PDF ၂ ရက်ဆက် တိုက်ခိုက်၊ စခန်းမှူးအပါ စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က စစ်ကြောင်းထိုးရွာမီးရှို့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ စဥ့်ကူးနယ်မြေ ရဲစခန်းတို့ကို ၂ ရက်ဆက် တိုက်ခိုက်မှုမှာ စခန်းမှူးအပါ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bagan Bo Cho PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်တလင်းမြို့နယ်တွင်း ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပုန်းဝပ်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂ဦး သေ

“သတင်းထောက်ဖို့သွားရင်း စခ ၂ကောင် ကင်းပုန်းဝပ်နေတာတွေ့ပြီး ပစ်သတ်ပြီးမှ ပုန်းနေတဲ့ ခွေးတွေက ပေါ်လာပြီး လက်နက်ကြီးနဲ့ ထုကြတာ။ စခ ၃၀ လောက်ရှိတယ်။ ရုတ်တရက်ဖြစ်သွားတဲ့ တိုက်ပွဲမို့ မှတ်တမ်းယူချိန် မရလိုက်ဘူး” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှမ်းတောင်မှာ စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အသိပေးထုတ်ပြန်ပါတယ်။
Read More

နမခကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိအပါ ၉ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ရဟတ်ယာဉ်တစ်စင်းလည်း မီးလောင်ပျက်စီးနိုင်ခြေရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး‌ေတွနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိ ၁ ယောက် အပါအဝင် ၉ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။