စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကမ်းမကနေ အောက်ဘက်သို့ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ် အမြန်ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Chindwindy-namite က ထုတ်ပြန်လိုက်ပါတယ်။

စစ်ရေယာဉ် ၂ စီးဟာ ကံကြီးကုန်းပျူစခန်းကို ပို့ဆောင်ဖို့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သယ်ဆောင်လာတာ ဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ချင်းတွင်းမြစ်တစ်နေရာမှာ ရှေ့ထွက်ပြောင်းတိုက် အဖူးတွေ၊ ပြောင်းတိုက်တွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) တပ်ခွဲ(၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ မျိုးဆက်သစ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားမ တန်းတူရေး အလေးပေးသည့် ပြည်နယ်တပ်အဖြစ် တည်ဆောက်မည်ဟု KNDF အသိပေး (ရုပ်/သံ)

ခွဲခြားဖိနှိပ်မှုကင်းစင်သလို ဖိနှိပ်မှုမှန်သမျှကိုလည်း တိုက်ဖျက်ကာ Gender (ကျား၊မ) တန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် တည်ဆောက်သွားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ကတိပေး ပြောကြားလိုက်ပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်မှု ဒုရဲအုပ် ကျော်ဇင်ထွန်းနှင့် စစ်သား ၄ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ကျော်ဇင်ထွန်းနဲ့ စစ်သား ၄ ယောက် သေဆုံးကာ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းတွေကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamite (Salingyi) ထံက သိရပါတယ်။
Read More

ဝါရစ်ကျေးရွာက စစ်တပ်စခန်းနဲ့ တုံး‌ဗျောစစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နဲ့ မြိတ်မြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad - TNI အဖွဲ့ထံက သိရပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”

"သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”