မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းပြည််နယ်၊ မင်းတပ်မြို့မှာ​ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲ အ​ခြေအနေတွေနဲ့ ပတိသက်ပြီးတော့လည်း ပြည်သူတွေကို အသိပေးနိုင်ဖို့ လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့က စတင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ချင်းဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းဆင်နွှဲနေတာဖြစ်ပြီး အောင်မြင်မှုတွေလည်း ရရှိထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက  တော်လှန်ရေးတပ်တွေကို လေကြောင်းကနေ အဆက်မပြတ်ခုခံနေတဲ့အတွက် မြို့အနှံ့ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရကြောင်းဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲကာလ မင်းတပ်မြို့မြင်ကွင်း (ဓာတ်ပုံ HKL Mindat)

ဒီအတွက် မင်းတပ်မြို့အတွင်း လူစုလူဝေးတွေ၊ ရိုးရာပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“မင်းတပ် မြို့ပေါ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ရှိနေပါတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဆိုတော့လေ။ အဲ့တော့ ရိုးရာကောက်ရိတ်သိမ်းပွဲတို့၊ ခရစ်စမတ်ပွဲ (လူစုလူဝေး) မပြုလုပ်ဖို့ ပြောထားပါတယ်။ မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ချင်းညီနောင်အနေနဲ့ တရားဝင်သတင်းထုတ်ပြန်ဖို့လည်း ရှိပါတယ်။” လို့  မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကိုပြောပါတယ်။

ဒီဇင်ဘာ ၁၇ရက် ညသန်းခေါင်ယံအချိန်ကလည်း မိတ္ထီလာရှမ်းတဲလေဆိပ်တက် Y12 ဗုံးကြဲလေယာဥ်တွေက မင်းတပ်မြို့ကို ၁၂၀မမ ဗုံးသီး အလုံး၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး မကွေးလေဆိပ်တက် Y12 လေယာဥ်ကလည်း အလားတူ ဗုံးသီးအလုံး ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ HKL Mindat က ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၇ရက် ၊ နေ့လည်ပိုင်းမှာလည်း မကွေးလေဆိပ်တက် Y12 ထောက်ပို့ယာဥ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေတဲ့ မင်းတပ် ခလရ ၂၇၄ တပ်ရင်းထဲ လေထီးနဲ့အတူ စားနပ်ရိက္ခာ၊ ခဲယမ်း​တွေ ၇ကြိမ်နီးပါးချပေးခဲ့သေးကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဘီးလင်းမြို့နယ် ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ ဦး သေဆုံး၊ ၇ ဦး စိုးရိမ်ရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။