အမ်း နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ် (တိုင်းစစ်ရုံး) ထဲမှာ အာရက္ခတပ်တော် AA က တိုက်ခိုက်ဖို့ နေရာအနည်းငယ်သာ ကျန်ရှိတော့ပြီး ခန့်မှန်းချေ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေက အသည်းအသန် ပြန်လည်ခုခံနေတယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ  ရခိုင်ရိုးမတောင်တန်းထက်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲရှိရာနေရာတွေကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေပြီး အဲဒီလက်နက်ကြီးတွေဟာ တိုင်းစစ်ရုံးထဲက ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲဝင်တွေထံ ကျရောက်ထိမှန်ကာ သေဆုံး၊ ဒဏ်ရာရရှိမှုတွေရှိနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ဒီဇင်ဘာလ ၁၇ ရက်နေ့ညပိုင်းကထုတ်ပြန်ချက်မှာတော့ အမ်း နပခ ဌာနချုပ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲထားပြီး အဆောက်အအုံတချို့ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံမှတ်တမ်းကိုလည်း AA က ထုတ်ပြန်ထားပါသေးတယ်။ 

စစ်ကောင်စီက  လေကြောင်းကနေ မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေလို့ အမ်း၊ နပခရဲ့ မြေပြင်တိုက်ပွဲမှာ  လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲဟာ ပိုမိုပြင်းထန်နေရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 

အာရက္ခတပ်တော်ဟာ မောင်တောမြို့နဲ့ တောင်ကုတ်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးတဲ့နောက် အမ်းမြို့နဲ့ ဂွမြို့က ရန်သူ့စခန်းတွေကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးဝန်းကျင်မှာလည်း စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်ရောက်သူတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အနေနဲ့ သိမ်းပိုက်ရရှိသွားမယ်ဆိုရင် စစ်ကောင်စီဟာ ရှမ်းမြောက် လားရှိုးက စစ်ဌာနချုပ်အပြီး ဒုတိယမြောက် လက်လွှတ်လိုက်ရတဲ့ စစ်ဌာနချုပ်အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နိုဝင်ဘာ (၁) လအတွင်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် TNLA ထိန်းချုပ်ရာ နယ်မြေတွေမှာ ဒေသခံ (၃၈) ယောက် သေဆုံး၊ အယောက် (၇၀) ဒဏ်ရာရ၊ နေအိမ် (၁၃၀)လုံး ပျက်စီးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။