အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံက တိုက်တွန်းတောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ဟာ အလုပ်မဖြစ်တော့တာကြောင့် အာဆီယံ အနေနဲ့ မြန်မာ့အရေးမှာ အမြန်ဆုံး ပြောင်းလဲတဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုအပ်တယ်လို့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းပြည်ပက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ သူတို့ရဲ့ သဘောထားကို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အရေးကြီးဆုံးကတော့ စစ်ကောင်စီကို နေရာပေး ဆက်ဆံနေမှုကို လုံး၀ရပ်ဆိုင်းဖို့ လိုအပ်ပြီး ပြည်သူလူထုက လက်ခံထားတဲ့ အဖွဲ့အစည်းတွေကိုသာ နေရာပေး ဆက်ဆံပြောဆိုသင့်ပြီ ဖြစ်ကြောင်း ပြောထားပါတယ်။

အထူးသဖြင့် အာဆီယံအနေနဲ့  ပြည်တွင်းနိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဥ်ကို ထောက်ခံအားပေးဖို့၊ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်တွေနဲ့ တရားဝင် ထိတွေ့ဆောင်ရွက်ဖို့၊ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လူသိရှင်ကြားရှုတ်ချဖို့ အစရှိတဲ့ အချက် (၆) ချက် ပါဝင်တဲ့ အဓိကကိစ္စရပ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အာဆီယံဟာ  ဘုံသဘောတူညီချက် ၅ ရပ် စတင်ချိန်ကစပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို မရပ်တန့် နိုင်ခဲ့ဘဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုပါ ကာကွယ်စောင့်ရှောက်နိုင်မှုလုံး၀မရှိလို့ အာဆီယံဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ပျက်ကွက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။ 

မြန်မာ့ပြဿနာအတွက် ငြိမ်းချမ်းမှုရှိပြီး ရေရှည်တည်တံ့မယ့် ဖြေရှင်းချက် တစ်ရပ် ရရှိနိုင်ရေး လွန်ခဲ့တဲ့ သုံးနှစ်က ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံအနေနဲ့ ဆက်လက်မကိုင်ဆွဲဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နှစ်လအကြာ ၂၀၂၁ ဧပြီလက ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ အဲဒီဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ အများပြည်သူ အဆောက်အဦးတွေကို တိုက်ခိုက်မှုအပေါ်  မိမိတို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ရေး တိုက်တွန်းကြောင်းလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီကို ဖိအားပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အချက် ၃ ချက် ရှိနေပြီး အဲဒါတွေက အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ဖို့ ဖြစ်ကြောင်း ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေက ထောက်ပြထားပြီး ဖြစ်ပါတယ်။

စစ်ကောင်စီက မဖြစ်မနေ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချကန့်ကွက်ပြီး အာဆီယံအနေနဲ့လည်း ရွေးကောက်ပွဲကို တရားဝင် ထောက်ခံမှုတွေ မပြုလုပ်ဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ပြုလုပ်ဖို့ ရှိနေပြီး စစ်ကောင်စီဘက်က ကိုယ်စားပြုတက်ရောက်လာရင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တင်သွင်းလာနိုင်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကိုးကန့်သူဌေး မြီမိသားစုဝင်များအပါအဝင် ၁၁ ဦးကို တရုတ်တရားရုံး သေဒဏ် အမိန့်ချ၊ အခြား ၅ ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

စစ်ကောင်စီနှင့် ရိုဟင်ဂျာအရေးဆွေးနွေးတာ ရလဒ်မထွက်ဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။