ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလ ပထမ ၁၅ ရက်တာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၁) ယောက် သေဆုံးပြီး (၈) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ (၁) ရက်ကနေ (၁၅) ရက်အထိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၄၅) ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၁) ယောက် သေဆုံးကာ (၈) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့လိုတိုက်ပွဲတွေ ဖြစ်ပွားချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီး (၂၈) လုံးခန့် ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ ​အဆောက်အဦးပြိုကျလို့ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ယောက်သေကာ ကလေးတွေအပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးမှာ အဆောက်အဦးပြိုကျပြီး အသက် ၅၀ အရွယ် အမျိုးသမီး၁ယောက်သေဆုံးကာ ကလေးငယ် ၂ယောက်အပါဝင် ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay ထံက သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။
Read More

ကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။
Read More

မြိုင်မှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် စစ်တပ် ဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပတ်ဝန်းကျင်အနှံ့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ လူအယောက်၂၀ ထက်မနည်းထိခိုက်​သေဆုံးခဲ့ကြောင်း မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက မောင်းကို ပြောပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ခါးကို ကျည်ထိမှန်ကာ အောက်ပိုင်းသေသွားသည့် ၁၉ နှစ်အရွယ် ရဲဘော် ၂ နှစ်အကြာတွင် ကွယ်လွန်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်ပက်ထရစ်ဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။