ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး – KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ၊ KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို ဒီဇင်ဘာလ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ၂ ကြိမ်လာရောက် ကြဲချပစ်ကူခဲ့ရာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျဆုံးသူရှိခဲ့တယ်လို့ သိရပါတယ်။

မာနယ်ပလောနယ်မြေမှာ ပွိုင့် ၉၁၃ နို့ဒေးစခန်း၊ ကဆောဝါးလေးစခန်း၊ မြောက်ကုန်းစခန်း၊ သဒေါ့ဝါး လေးစခန်း၊ ကယ်ဂေါ်ကျိုးစခန်း၊ ဖူးလောကုန်းစခန်းတို့ကို ရှိရာ KNLA ပူးပေါင်းတပ်က ၂၀၂၃ ခုနှစ်မှာ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ပွိုင့် ၉၁၃ နို့ဒေးစခန်းကလွဲလို့ ကျန်တဲ့စခန်းငါးခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မာနယ်ပလောနယ်မြေက နောက်ဆုံးကျန်နေတဲ့ ပွိုင့် ၉၁၃ နို့ဒေးစခန်းကို ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းမှာ KNLA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မာနယ်ပလောနယ်မြေကို KNU က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ၁၉၉၂ ခုနှစ်မှာ မာနယ်ပလောနယ်မြေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ KNU ဆီက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ် သိမ်းပိုက်ထားတဲ့ မာနယ်ပလောရှိ KNU ဌာနချုပ်ဟောင်းကို KNLA ပူးပေါင်းတပ်တွေက နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာရှိ အကြမ်းဖက်စစ်တပ်မှ ပြည်သူ့စစ် (၈) ဦး လက်နက်မဲ့ အလင်းဝင်

ပဲခူးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ် (၈) ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမြို့နယ် တောင်ပြိုကျမှုအတွင်း စစ်ရှောင်စခန်းတစ်ခု မြေကြီးထဲ နစ်မြုပ်သွား၊ ကလေးငယ်များအပါ ၁၀ ဦး သေဆုံးပြီး ၁ ဦးသာ အလောင်းပြန်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ တောင်ပြိုကျမှုအတွင်း စစ်ဘေးရှောင်စခန်း နစ်မြုပ်သွားရာ ကလေးငယ် ၃ ယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Danu State National Defence Army (DSNDA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ပြည်သူတွေကို MDY-PDF က ဆန်အိတ် ၅၀၀ နဲ့ ငွေကျပ်သိန်း ၁၅၀ မတည်လှူဒါန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀) နဲ့ ငွေသား ကျပ်သိန်း(၁၅၀) မတည် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

တန့်ဆည်မြို့နယ် တနယ်ရွာကို စစ်အုပ်စု မီးရှို့ကာ ပြည်သူပိုင် ဆန်အိတ်နှင့် အခြားပစ္စည်းများကို ကားဖြင့် သယ်ဆောင်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက တနယ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သားပိုင် ဆန်အိတ်တွေကို ကားတွေနဲ့ သယ်ယူနေကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။