ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး – KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ၊ KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို ဒီဇင်ဘာလ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ၂ ကြိမ်လာရောက် ကြဲချပစ်ကူခဲ့ရာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျဆုံးသူရှိခဲ့တယ်လို့ သိရပါတယ်။

မာနယ်ပလောနယ်မြေမှာ ပွိုင့် ၉၁၃ နို့ဒေးစခန်း၊ ကဆောဝါးလေးစခန်း၊ မြောက်ကုန်းစခန်း၊ သဒေါ့ဝါး လေးစခန်း၊ ကယ်ဂေါ်ကျိုးစခန်း၊ ဖူးလောကုန်းစခန်းတို့ကို ရှိရာ KNLA ပူးပေါင်းတပ်က ၂၀၂၃ ခုနှစ်မှာ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ပွိုင့် ၉၁၃ နို့ဒေးစခန်းကလွဲလို့ ကျန်တဲ့စခန်းငါးခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မာနယ်ပလောနယ်မြေက နောက်ဆုံးကျန်နေတဲ့ ပွိုင့် ၉၁၃ နို့ဒေးစခန်းကို ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းမှာ KNLA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မာနယ်ပလောနယ်မြေကို KNU က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ၁၉၉၂ ခုနှစ်မှာ မာနယ်ပလောနယ်မြေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ KNU ဆီက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ် သိမ်းပိုက်ထားတဲ့ မာနယ်ပလောရှိ KNU ဌာနချုပ်ဟောင်းကို KNLA ပူးပေါင်းတပ်တွေက နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်းလေးပင်တွင် အကြမ်းဖက်စစ်ဗိုလ်များနှင့်ပေါင်းပြီး ဆက်ကြေးကောက်နေသည့် ရာအိမ်မှူးဟောင်း ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ဗိုလ်တွေနဲ့ပေါင်းပြီး အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ရာအိမ်မှူးဟောင်း ပျူစောထီး၁ယောက်ကို သွားရောက်ဖမ်းဆီးခေါ်ဆောင်ချိန် ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ လုပ်ဆောင်ခဲ့တဲ့ 9 Stars UG အဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေပွေးက မောင်းကို ပြောပါတယ်။
Read More

မြို့အထိနာမှု အနည်းဆုံးဖြစ်လာနိုင်သည့် စစ်တွေတိုက်ပွဲ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းမှာ စစ်ကောင်စီတပ်တွေ မရှိတာကြောင့် မြို့နာတာ အနည်းဆုံး တိုက်ပွဲဖြစ်လာလိမ့်မယ်လို့ သုံးသပ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 
Read More

ထာ၀ရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ မင်းအောင်လှိုင် စိတ်ထဲကမပါဘဲ ပြော

နိုင်ငံတစ်ဝန်းမှာ  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာ၀ရ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။  
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ရွှေကျင်မြို့နယ် တိုက်ပွဲများတွင် ပဲခူးတိုင်းပကဖများ ပါဝင်တိုက်ခိုက်‌နေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ်တို့က ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။