ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ရက္ခိုင့်တပ်တော် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်​နေ​တဲ့ တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နပခ အနီးက တောထဲမှာ AA စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

အခုလက်ရှိမှာ အမ်းမြို့အနီးဝန်းကျင်က တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို AA က လိုက်လံဖမ်းဆီးနေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ဇနီး

စစ်ကောင်စီဟာ နပခ ဌာနချုပ်တိုက်ပွဲ အတွင်း လေကြောင်းနဲ့ ဒရုန်းကိုသာ အဓိက အသုံးပြုတိုက်ခိုက်နေရပြီး ဌာနချုပ်ရဲ့ အဝေးကနေသာ ပြန်လည်ခုခံနိုင်ဖို့ ကြိုးပမ်းနေတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဲ့ဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ယာယီ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ကွပ်ကဲနေရာက ထွက်ပြေးသွားချိန် AA က လိုက်လံဖမ်းဆီးရင်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောဆိုမှုတွေ ရှိနေပေမယ့် သူ့ရဲ့ ရုပ်အလောင်းကိုတော့ ရှာမတွေ့သေးတာကြောင့် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီဇင်ဘာလ ၈ ရက်ကလည်း ရက္ခိုင့်တပ်တော် AA က မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အရှင်ဖမ်းမိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဖြူနှင့် စစ်တွေတွင် အရပ်သား နေအိမ်များကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲမှု အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းမူတွင် စစ်ကောင်စီက ရွာ၂ ရွာကို အင်အားအလုံးအရင်းဖြင့် မီးဝင်ရှို့ရင်း အရပ်သား ၉ ဦးကိုပါ လူသားဒိုင်းလုပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခြေရာတော်ရွာနဲ့ ကြော့မင်းရွာတို့ကိုစစ်ကြောင်းဝင်မီးရှို့ကာ အရပ်သား ၉ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စသုံးလုံး အရာရှိများ ပစ်ခတ်ခံရပြီး ၂ ဦးသေ “အရပ်သားကားတွေ ဖြတ်နေတာရယ် သူတို့ဘက်က စစ်ကူမလာခင်ရယ်မှာ ရတဲ့ အချိန်နည်းနည်းလေးနဲ့ ဝင်လုပ်ခဲ့ရတာမို့ အခက်အခဲတွေကတော့ အများကြီးပါ။”

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက် ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စသုံးလုံး အရာရှိတွေ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာမှာတင်​၂ယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက် တောမီးများ လောင်နေ

မကွေးတိုင်းကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက်မှာ တောမီးတွေ လောင်ကျွမ်းနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဇူလိုင်လမှ ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် အရပ်သား အမျိုးသမီး ၇၈ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံဝန်း ဇူလိုင်လကစလို့ ရက်ပေါင်း ၅၀ အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား အမျိုးသမီး ၇၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။