မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

PLA ဟာ သပိတ်ကျင်းမြို့နယ်ထဲက အများပြည်သူပိုင် ဆင်ဝိုင်း ၂၁ ဝိုင်းထဲက ၁၂ ဝိုင်းကို PSLF/TNLA က ထိန်းသိမ်းကာကွယ်မယ်ဆိုတာကြောင့် ဆင်အကောင်ရေ ၆၀ ကို စာရင်းဇယား မှတ်တမ်းနဲ့အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။

PLA မှ PSLF/TNLA ထံ လွှဲပြောင်းပေးအပ်ခဲ့သည့် ဆင်များ
PLA မှ PSLF/TNLA ထံ လွှဲပြောင်းပေးအပ်ခဲ့သည့် ဆင်များ

“TNLA တပ်ဖွဲ့နဲ့ PLA တပ်ဖွဲ့တို့အကြား မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့နဲ့ မဟာမိတ်တပ်ဖွဲ့အချင်းချင်း အပြန်အလှန် လေးစားမှုတွေအရ ရေရှည်ခိုင်မြဲတဲ့ မဟာမိတ်အကျိုးကို ရည်ရွယ်ပြီး လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်” လို့ PLA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ လှုပ်ရှားနယ်မြေမှာ အရင်က ဆင်ဝိုင်း ၁၀ ဝိုင်း ရှိရာကနေ မန္တလေးတိုင်းထဲမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် နောက်ထပ် ဆင်ဝိုင်း ၁၁ ဝိုင်းက ဆင်တွေနဲ့ ဆင်ထိန်းမိသားစုတွေကို ထပ်မံခေါ်ဆောင်လာခဲ့တာကြောင့် ဆင်ဝိုင်း ၂၁ ဝိုင်းနဲ့ ဆင်အကောင်ရေ ၁၃၈ ကောင်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ ပြယုဒ်တွေဖြစ်တဲ့ ဆင်ရတနာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရမှာဖြစ်တဲ့အတွက် စာရင်းဇယားနဲ့ သေချာစွာ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆင်တွေရော ဆင်ဦးစီးမိသားစုတွေပါ ကျန်းကျန်းမာမာ ရှိကြတယ်လို့ သိရပါတယ်။

PLA မှ PSLF/TNLA ထံ လွှဲပြောင်းပေးအပ်ခဲ့သည့် ဆင်များ
PLA မှ PSLF/TNLA ထံ လွှဲပြောင်းပေးအပ်ခဲ့သည့် ဆင်များ
PLA မှ PSLF/TNLA ထံ လွှဲပြောင်းပေးအပ်ခဲ့သည့် ဆင်များ
0 Shares:
You May Also Like
Read More

AA နဲ့ ရိုဟင်ဂျာတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး AA က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

ဖရဲသီးသတင်းပေးမှုကြောင့် အုတ်ဖိုမှာ စစ်တပ် ဗိုလ်ကြီး ၁ယောက်နဲ့ တပ်ကြပ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဖရဲသီးရဲ့ သတင်းပေးပို့မှုကြောင့် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဗိုလ်ကြီး ၁ယောက်အပါအဝင် စစ်သား ၂ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

ပွင့်ဖြူမှာ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အညာညီနောင်တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူ ၆ ဦး သေဆုံး…

စစ်ကိုင်းမြို့နယ်ကို ဗဟိုုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသူ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြုထုတ်ပြန်ပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။