တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လောင်းလုံး လမ်းပိုင်းတစ်နေရာမှာ တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ LLDPF)

အဲ့ဒီမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ တစ်ယောက် သေဆုံးခဲ့တယ်လို့ လောင်းလုံး ပကဖ က ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းကလည်း အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို လောင်းလုံး လမ်းပိုင်းတစ်နေရာမှာ ထပ်မံစောင့်ကြိုကာ ဒုတိယအကြိမ်ထပ်မံမိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်က ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ထား၀ယ်ခရိုင်အမှတ် (၁) တပ်ရင်း၊ အမှတ်(၂)တပ်ရင်း အရိပ်မဲ့အထူးပြောက်ကျားတပ်ဖွဲ့နဲ့ လောင်းလုံး(ပကဖ) ဇုန်-၃ ရဲဘော်တွေ ပူး‌ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ရဲဘော်တွေကို (၆) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာတွင် သာစည်​ထောင်ကြီးကွင်းနှင့် ရဲစခန်းအား ဗမာ့တပ်တော်နှင့် ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်၊ ရဲ ၃ ဦးသေပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်စီး

" တိုက်ပွဲက ၄၅ မိနစ်ကြာပါတယ်။ ၆၀ မမတွေနဲ့ ရန်သူ့ဘန်ကာတွေကို အနီးကပ် ပစ်ခတ်တာ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ဗမာ့တပ်တော် (Bamar Army) ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ်

KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။