မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ခဲ့တဲ့ ဒေသန္တရတားမြစ်ချက်တွေနဲ့ပတ်သက်ပြီး အရပ်သားပြည်သူတွေ နားလည်မှုလွဲသွားတာကြောင့် ထုတ်ပြန်ချက်တွေကို ပြန်လည် ပယ်ဖျက်လိုက်တယ်လို့ ကျောတိုက်နယ် ပအဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အဲဒီဒေသန္တရ တားမြစ်ချက် ၂၃ချက်ထဲမှာ ပသုံးလုံးအုပ်ချုပ်ရေးယန္တရားအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကို နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ စော်ကားတာ၊ ပုန်ကန်ခြားနားတာတွေနဲ့ သစ်ခုတ်၊ ဝါးခုတ်၊ မျှစ်ချိုးတာတွေ မပြုလုပ်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပြီး ဒီအချက်တွေအပေါ် အမြင့်ဆုံးသေဒဏ်အထိအရေးယူမယ့်အကြောင်း ဖော်ပြထားခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဘက်က ပြစ်တင်ဝေဖန် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ယောအခြေစိုက် တော်လှန်ရေး အင်အားစုဖြစ်တဲ့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက “သစ်ခုတ်ဝါးခုတ်တာနဲ့ပတ်သက်လို့ NUG ထုတ်ပြန်ထားတဲ့ ဥပဒေက ရှိပြီးသားပါ။ ဖမ်းပြီး NUG ကို တင်ပြလိုက်ရုံပါပဲ။ ဒါကို တကူးတက ထည့်စရာမလိုပါဘူး။ နောက်တစ်ခု အဲ့ထဲမှာပါတဲ့ သူတို့တပ်ရင်းတပ်ဖွဲ့တွေကို နှုတ်အားဖြင့်တောင် ပြောလို့မရဘူးဆိုတာက ဝေဖန်ခွင့်တောင် မပေးဘူးလို့ မြင်တယ်ပေါ့။ အခုလို ကျနော်တို့ ကန့်ကွက်စာထုတ်ရင်တောင် အရေးယူလို့ရတဲ့ ပုံစံမျိုးပေါ့။ တစ်ဖက်လူရဲ့မွေးရာပါ ရသင့်တဲ့ အခွင့်အရေးကို မချိုးဖောက်တဲ့ဥပဒေကိုပဲ ထုတ်သင့်တာပါ။ ဒါကြောင့် ဒီဟာကို အခုချိန် ကျနော်တို့မပြောဘဲနေရင် နောက်တစ်ချိန် ပြဿနာဖြစ်တဲ့အခါ တာဝန်ခံမှု တာဝန်ယူမှု လိုလာပါပြီ။ ဒါကြောင့် နေသားမကျခင် ပယ်ဖျက်သင့်တာ ပယ်ဖျက်ဖို့ ထောက်ပြတာဖြစ်ပါတယ်။” လို့ မောင်းကို ပြောပါတယ်။

ကျောတိုက်နယ် ပအဖကတော့ သစ်ခုတ်၊ ဝါးခုတ်၊ မျှစ်ချိုးတာတွေနဲ့ ပတ်သက်ပြီး တစ်ကိုယ်စာထက် စီးပွားဖြစ်လုပ်သူတွေကိုသာ ကန့်သတ်တာဖြစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကိုလည်း ကိုယ်ထိလက်ရောက် ကျူးလွန်​သူတွေကိုသာ အရေးယူမယ်လို့ ပြန်လည်ပြင်ဆင်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ရက် ဒီနေ့မှာတော့ တားမြစ်ထုတ်ပြန်ချက်တွေဟာ ဒေသအတွက် မလိုအပ်တာကြောင့် ပြည်သူ့အသံကို နားထောင်ပြီး ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ ဆိုပါတယ်။

“ပယ်ဖျက်တယ်ဆိုတာက ဒေသအတွက် မလိုအပ်ဘူးလို့ အများပြည်သူတွေ မြင်တော့ ပယ်ဖျက်လိုက်တာပါ။ ကျနော်တို့လည်း ရပ်ကျေးပအဖတွေနဲ့ ဆွေးနွေးပြီးမှ ထုတ်ပြန်ခဲ့တာပါ။ လွဲကုန်တာတော့ စိတ်မကောင်းဘူးပေါ့။ အခုလောလောဆယ်တော့ ဘာမှထုတ်ပြန်ချက်မရှိသေးပါဘူး။ တိုက်နယ်အုပ်ချုပ်ရေးတွေအားလုံး အစည်းအဝေးလုပ်ပြီးတော့ ထုတ်ပြန်ချက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ” လို့ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ် ။

“ထောက်ပြ ဝေဖန်နေကြသလို လက်ရှိမြေပြင်မှာမဟုတ်ပါဘူး။ အားလုံးကလည်း မိဘပြည်သူတွေနဲ့အဆင်ပြေပြေပါပဲ။ အနိုင်ကျင့်ဗိုလ်ကျ အာဏာပြတာမျိုးတွေမရှိပါဘူး။ အခုတော့ ပြဋ္ဌာန်းချက်တွေအားလုံးကို ပယ်ဖျက်လိုက်တယ်လို့ ပြောတယ်။ တိုက်နယ်အနေနဲ့ပြည်သူ့အသံ ရပ်ကျေးအဖွဲ့စည်းတွေနဲ့တိုင်ပင်ပြီး ပြန်လည်ထုတ်ပြန်လာမလားဆိုတာတော့ မပြောတတ်ဘူး။”  လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၉ တပ်ဖွဲ့ဝင်တစ်ယောက်ကလည်း သူ့အမြင်ကိုပြောပါတယ်။

ပုလဲ၊ ပုံတောင်ပုံညာ ထီးလင်းတို့နဲ့ထိစပ်နေသလို ကပစ ၂၃ ရှိရာ ကျောမြို့မှာ ကျေးရွာပေါင်း ၁၅ရွာခန့်ရှိပြီး အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၁၀ရွာလောက်ကိို စိုးမိုးထားသလို ကျန်တဲ့ ၅ရွာလောက်ကိုသာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း မိုင်းခွဲခံရပြီး စစ်သား ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ဟာ မနေ့က ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆တပ်ရင်း၏ အနောက်ဘက်တွင် လေယာဉ်ကွင်းဖောက်ဖို့ဆိုပြီး လူနေအိမ်များကို ပြောင်းရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) အနောက်ဘက်မှာ လေယာဥ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးကာ ပြည်သူတွေကို ငွေညှစ်နေတဲ့ ပျူခေါင်းဆောင် ရာအိမ်မှူး ဌေးလွင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်၊ သပြေလှအုပ်စု၊ ရင်းတိုက်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းပေးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။