ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
စကခ ၅ စခန်းဟာ တောင်ကုတ်မြို့က နောက်ဆုံးလက်ကျန်စခန်းတခုလည်း ဖြစ်ပြီး၊ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ဆိုပါတယ်။
“နာရီပိုင်းလောက်ပဲ လိုပါတော့တယ်။ တောင်ကုတ်ကို ရပြီးရင်တော့ အမ်း ကျန်ပါဦးမယ်။ အမ်းကလည်း ရသလောက်ကို ဖြစ်နေပါပြီ။ ဂွကလည်း လက်စသပ်ရဦးမှာပေါ့။ ကျန်တာကတော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကျန်ဦးမယ်ဗျ။ အဲ့တာတွေကလည်း ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အနေအထားလို့ပဲ ပြောရမယ်။ နှစ်ဆန်းကျရင်တော့ အဲဒီဘက် အလှည့်ပေါ့နော်။ နှစ်ကုန်ကတော့ အမ်း၊ တောင်ကုတ်၊ ဂွအလှည့်ပေါ့” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဒီကနေ့မနက်ပိုင်းမှာ မောင်း ကိုပြောခဲ့ပါတယ်။
အဆိုပါ တောင်ကုတ် စကခ ၅ စခန်းကို AA ကတိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်းကိုတော့ ဗိုလ်ကြီးဇင်ယော်က ဒီကနေ့ညနေပိုင်းမှာ ၄င်းရဲ့လူမှုကွန်ရက်မှာ အတည်ပြုပြောဆိုထားပါတယ်။
တကယ်လို့ အာရက္ခတပ်တော်ကသာ တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီဆိုရင်တော့ ပုသိမ်-မုံရွာလမ်းဖြစ်တဲ့ ဥသျှစ်ပင်၊ ပြည်ဘက်ထိကို လမ်းပေါက်လာနိုင်သလို၊တောင်ကုတ်တောင်ကြားလမ်းကနေ အာရက္ခတပ်တော်အနေနဲ့ ပြည်မထဲကို ဆင်းနိုင်တဲ့ လမ်းကြောင်းလည်း ပွင့်မှာကြောင့် ပဲခူးတိုင်းအနောက်ခြမ်းအပါအဝင် ဧရာဝတီတိုင်းလမ်းကြောင်းတွေကို စစ်ကောင်စီအနေနဲ့ လက်လွတ်ရနိုင်တယ် လို့လည်း ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက အမ်းမြို့အနီးက နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ကိုလည်း သိမ်းပိုက်နိုင်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီသတင်းအပေါ်မှာတော့ မောင်း အနေနဲ့အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တောင်ကုတ်ရဲ့ အမှတ် (၅) စစ်ဆင်ရေးကွတ်ကဲမှု ဌာနချုပ်ကို သိမ်းပိုက်နိုင်မှုအပေါ် AA ကနေ တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
အာရက္ခတပ်တော် (AA) ဟာ မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
နခခ (၅) ကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်းမှာ ထွက်ပြေးသွားတဲ့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်သုံ့ပန်းတွေနဲ့ လက်နက်မြောက်များစွာကိုလည်း AA ကနေ သိမ်းဆည်းနိုင်ခဲ့တာပါ။
စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း အမျိုးမျိုးနဲ့ ခုခံတိုက်ခိုက်ခဲ့ပေမယ့် လက်ရှိမှာတော့ AA ဟာ အရက္ခဒေသအတွင်းက မောင်တောမြို့နယ် အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲနဲ့ ချင်းပြည်နယ် ပလက်၀ စတဲ့မြို့နယ်တွေကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
ပုံစာ – နခခ ၅ ကို AA တိုက်ခိုက်သိမ်းပိုက်ချိန် အလံဖြူထောင် လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ယောဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်တော့မယ်လို့  YDF ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ဒေသခံပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း ၂ ရက်ဆက် ထိုးစစ်ဆင်ပြီးနောက် KNU ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။