ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901မှ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ရွာသစ်ကျေးရွာမှ ပိတောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုး လာတဲ့အတွက် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ နေပြည်တော် PDFစစ်ကြောင်း တပ်ရင်း (၉၀၁)၊ တပ်ရင်း (၃၅၀၂) ကီးကူစစ်ကြောင်း၊ တော်ဝင်လျှပ်စီး(RTC) စစ်ကြောင်း တို့က မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အထိနာသွားတဲ့အတွက် ပြန်လည်ဆုတ်ခွာ သွားပြီး ညပိုင်းမှာ ပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

ပိတောက်ကုန်းကျေးရွာမှာ စစ်ဆိုင်းထားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တပ်ဖြန့်ထားတဲ့ နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၁၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ရှေ့ဆက်တိုးလာတဲ့အ တွက် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ အထိနာစွာ ပြန် လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စာသင်နေချိန် အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ဆရာမ ၂၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက် အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”

"သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”
Read More

ပခုက္ကူနယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို အောက်တိုဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ် ကွက်ကို ဧပြီလ ၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်တပ်၏ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့ရှိ အကြမ်းဖက်စစ်တပ်အထိုင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဇင်းဂလင်းကျေးရွာနဲ့ ထိုမာကျေးရွာရှိ အကြမ်းဖက်စစ်တပ်အထိုင် ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။