စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ အထောက်အပံ့ပေးနေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့  စီးပွားရေး အရလုပ်ကိုင်မှုတွေ လုံး၀ရပ်ဆိုင်းဖို့ ကမ္ဘာ့လေကြောင်း နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Airbus ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။

Airbus ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ထံ မြန်မာ့အရေးတက်ကြွလှုပ်ရှားနေတဲ့ အရပ်ဘက်နဲ့ တော်လှန်ရေးအဖွဲ့တွေက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပေးပို့လိုက်တာပါ။

ဒီအိတ်ဖွင့်ပေးစာထဲမှာ စစ်ကောင်စီအတွက် စစ်လေယာဉ်တွေ နဲ့ ပြုပြင်ထိန်းသိမ်းရေး အဓိကပံ့ပိုးနေတဲ့ တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က နဲ့ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ဖို့ တောင်းဆိုထားပါတယ်။

Airbus ကုမ္ပဏီဟာ AVIC ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ နဲ့ မိတ်ဖက်ဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။ 

(ဓာတ်ပုံ Justice for Myanmar)

AVIC နဲ့ သူ့ရဲ့လက်အောက်ခံ ကုမ္ပဏီတွေအပေါ်  Airbus ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးပြုပြီး စစ်လေယာဉ်တွေ၊ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးတာတွေ ရပ်တန့်ပြီး ထောက်ပံ့ပေးထားတဲ့ လေယာဉ်တွေကို ပြုပြင်ထိန်းသိမ်း မွမ်းမံတာတွေကို ရပ်ဆိုင်းဖို့ ဒီအဖွဲ့တွေက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအကျပ်အတည်းနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂရဲ့ ယုံကြည်ထိုက်တဲ့ စောင့်ကြည့်မှတ်တမ်းတင်ခြင်း နှင့် အစီရင်ခံစာထုတ်ပြန်ခြင်းများ ရှိထားပြီဖြစ်လို့  စစ်အုပ်စုထံ လက်နက်ရောင်းချပေးနေတဲ့  AVIC၏ အခန်း ကဏ္ဍတို့အပေါ်  Airbus  ကုမ္ပဏီအနေဖြင့် AVICနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပြဿနာကြီး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Airbus ကုမ္ပဏီအနေဖြင့် AVIC နှင့် ဆက်ပြီး ပူးပေါင်း ဆောင်ရွက်သည့်အပြင် ဟောင်ကောင် စာရင်းဝင်ကုမ္ပဏီ AviChina Industry & Technology Company Limited မှတဆင့် AVIC ၏ ကုမ္ပဏီခွဲများစွာတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ထားရှိခဲ့တယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ Justice for Myanmar)

ဒါကြောင့် Airbus ဟာ AviChina ၏ အကြီးဆုံးနိုင်ငံတကာရှယ်ယာရှင် ဖြစ်တာကြောင့် ကုမ္ပဏီအနေဖြင့် AviChina ၏ မဟာဗျူဟာ ဆုံးဖြတ်ချက်များအပေါ် ကြီးမားသည့် ဩဇာလွှမ်းမိုးမှု ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် Airbus အနေနဲ့ စီးပွားရေးအရ ပူးပေါင်းနေမှုတွေကို ရပ်ဆိုင်းနိုင်ပါက ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာဖြစ်သလို မြန်မာပြည်သူတွေအတွက်လည်း များစွာသက်သာရ ရစေမယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီကို ထောက်ပံ့နေတဲ့  AviChina Group ဟာ ပြည်တွင်းနဲ့ ပြည်ပ ဝယ်ယူသူများအတွက် ဟယ်လီကော်ပတာများ၊ လေ့ကျင့်ရေး လေယာဉ်များ၊ ဘက်စုံသုံးလေယာဉ်များနှင့် ဒေသသုံး ဂျက်လေယာဉ်များ ရောင်းချပေးအပ်ခြင်း၊ ပြည်ပလေကြောင်း ထုတ်လုပ်ရေးကုမ္ပဏီများနှင့် လေကြောင်းဆိုင်ရာ ထုတ်ကုန်များ ပူးတွဲတီထွင် ထုတ်လုပ်ခြင်းများကို အဓိကလုပ်ဆောင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 

Avi ရဲ့အဓိကထုတ်ကုန်တွေထဲမှာ  K8 လေ့ကျင့်ရေး လေယာဉ်နှင့် Y-12 ဘက်စုံသုံး လေယာဉ်များပါဝင်လျက်ရှိပါတယ်။

အဲဒီလေယာဉ်နှစ်မျိုးလုံးဟာ မြန်မာစစ်အုပ်စုက အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း ဝယ်ယူအသုံးပြုခဲ့ပြီး၊ မြန်မာ့လေတပ်က အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်း တိုက်ခိုက်မှုများတွင် ယင်းလေယာဉ်များကို ဆက်လက်အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

အခုလို လုပ်ရပ်တွေကြောင့် AviChina ကို ကနဦးတွင် နော်ဝေအစိုးရ ပင်စင်ရံပုံငွေအဖွဲ့ အပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းတွေဟာ  AviChina ကုမ္ပဏီအား ၎င်းတို့၏ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ စာရင်းမှ ဖယ်ရှားခဲ့ပါတယ်။ 

ဖားကန့်မှော်လှည့်သပိတ်က အောက်တိုဘာလ ၂၉ ရက်နေ့မှာ “Airbus: Stop investing in War Crimes”၊ “Airbus စစ်ရာဇဝတ်မှုတွေမှာ ရင်နှီးမြုပ်နှံနေတာ အဆုံးသတ်” ခေါင်းစဥ်နဲ့ သပိတ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြစဉ် (ဓာတ်ပုံ Blood Money)

အဓိကအားဖြင့် “စစ်မက်ပြုခြင်းဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများအား စနစ်တကျဆိုးရွားကျယ်ပြန့်စွာ ချိုးဖောက်သည့် နည်းလမ်းများဖြင့် လက်နက်များကို အသုံးပြုမည့် တိုင်းပြည်တစ်ခု” သို့ စစ်လက်နက်များ ရောင်းချခြင်းနှင့် ဆက်နွှယ်တယ်ဟုဆိုကာ လက်တွဲဖြုတ်ခဲ့ခြင်းဖြစ်ပါတယ်။

 ဒါကြောင့် အဆိုပါအချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ Airbus CEO ထံ အိတ်ဖွင့်ပေးစာမှာ ဖော်ပြ ရေးသားထားပါတယ်။ 

တနည်းအားဖြင့် AviChina ကဲ့သို့ တိုက်ရိုက်ချိတ်ဆက်တဲ့ ကုမ္ပဏီများ၊ AVIC ကုမ္ပဏီတို့နှင့် ဘဏ္ဍာရေး၊ မဟာဗျူဟာချိတ်ဆက်မှုများမှတဆင့် ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကြီးများကို အားပေးကူညီခြင်းမရှိစေရန် ဂရုပြုရမည့် သီးခြားတာဝန်တစ်ရပ်လို့လည်း ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံဟာ အီးယူရဲ့ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက် ချမှတ်ခံထားသည်ဖြစ်ရာ Air bus အနေဖြင့် စစ်အုပ်စု၏ လက်နက်ပွဲစားကုမ္ပဏီအား ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံမှုများ ပေးအပ်ခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် Airbus အနေနဲ့ Avic ကတဆင့်  မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်များ၊ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို အမြန်ဆုံးရပ်တန့်ရန် မြန်မာ့လေတပ်၏ လေယာဉ်များအတွက် လက်ရှိပေးအပ်လျက်ရှိတဲ့ နည်းပညာ ဝန်ဆောင်မှုတွေကို AVIC အနေနဲ့ အမြန်ဆုံးရပ်တန့်ဖို့ Airbus ၏ ကြီးမားတဲ့ ရှယ်ယာရှင်ဆိုတဲ့ ဩဇာအာဏာကိုအသုံးပြုကာ လုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစားနဲ့ အတူ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ “Airbus! stop investing in War Crimes” Airbus ကို စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြုပ်နှံနေတာ အဆုံးသတ်ရန်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြစဉ် (ဓာတ်ပုံ Blood Money)
0 Shares:
You May Also Like
Read More

နိုင်ငံတဝန်း စစ်ကော်မရှင် လက်အောက်ခံများ ပြန်ပေးသမားဆန်ဆန် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ၊ အချို့နေရာများတွင် လူပြန်ရွေးချင်လျှင် သိန်းရာနှင့်ချီပြီး နေ့ချင်းပေးရ

မတရားစစ်မှုထမ်း အပတ်စဥ်(၁၇) ရောက်ရှိလာချိန်မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး၊ မြို့ငယ်တချို့မှာ အကြမ်းဖက်စစ်တပ်ကြောင့် လူငယ်လူရွယ် တော်တော်များများ ဆက်လက် ဖမ်းဆီးစုဆောင်းခံနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးက ရလာတဲ့ စစ်ရေးအတွေ့အကြုံတွေနဲ့ လက်နက်တွေကြောင့် ဝက်လက်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်နိုင်ခဲ့တဲ့ ရွှေဘိုခရိုင် တပ်ရင်းများ

စစ်ကိုင်းတိုင်း၊ ​ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ဗိုလ်ကြီး ၃ယောက်ဦးစီးတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ​က တစ်ရက်တည်း အပြတ်သတ်ချေမှုန်းရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်ထဲတွင် ဆေးသုံးထားပြီး ထမင်းမကျွေးရင် မစားသူ၊ တစ်ယောက်တည်း စကားပြောနေသူ၊ ရယ်နေသူ၊ ငိုနေသူများ တွေ့ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းတပ်သား ပြော

အကြမ်းဖက်စစ်တပ်ထဲမှာ ဆေးကြောင်နေသူတွေ၊ အဘိုးအိုတွေ၊ ပညာမဲ့တွေနဲ့အတူ အထက်အောက် ဖိနှိပ်အနိုင်ကျင့်မှုတွေ ကြုံခဲ့ရတဲ့အကြောင်း စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။
Read More

စစ်ကောင်စီထံမှ MDY PDF သိမ်းဆည်းရရှိသည့် တရုတ်ထုတ် စစ်လက်နက်များ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းတွေကို MDY PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ စစ်လက်လက်နက် ပစ္စည်းတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်လက်နက်တွေပါဝင်နေခဲ့ပါတယ်။ 
Read More

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီတချို့ စတင်ရောက်ရှိလာ

သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ 
Read More

စစ်တပ်အလိုကျ အားရပါးရ ကပြနေတဲ့ အုပ်ကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းမှာ စစ်မှုထမ်းဖို့ စာရင်းပါနေတဲ့ လူငယ်တစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာခေါ်ခဲ့ကြပါတယ်။