ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ယောက်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ နဲ့ ၂၈ရက်နေ့တွေမှာ လွိုင်ကော်-ဆီဆိုင် လမ်းမတစ်လျှောက်က ဒေါသနော ၊ ကုန်းစွတ်၊  ကျောက်ကြီး ၊ ကောင်းကုန်း ၊ သပြေကုန်း၊  ကယန်းသာယာ ကျေးရွာတွေဆီ စစ်ကြောင်းဝင်နေချိန် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Karenni Nationalities Defense Force KNDF / B-14 က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ပထမနေ့က လွိုင်ကော်..ဆီဆိုင် လမ်းမကြီးဘေး ဒေါသနော ၊ ကုန်းစွတ် တကြောမှာ သူတို့  ခြေမှုန်းရေးဝင်တယ်ပေါ့။ တစ်ရွာတစ်ရွာကို တပ်စိတ် တစ်စိတ်စာလောက် ထားတယ်။ စခန်းကြီးရှိတဲ့ရွာဆို တပ်ခွဲတစ်ခွဲစာပေါ့။ အဲ့ဒါ လမ်းပိုင်းမှာလည်း ကင်းချထားတယ်။  အရပ်သားကားလာရင်တားပြီး ပိုက်ဆံတောင်းတယ်။  လမ်းဘေးတလျှောက် မိုင်းတွေထောင်တယ်ပေါ့။ ဒီမိုင်းတွေကြောင့် ရွာသားတွေလည်း ခဏခဏ ထိခိုက်မူတွေရှိတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ၁၀ယောက်လောက်ရှိတာ ကျန်တဲ့သူတွေ ထွက်ပြေးသွားတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

နိုဝင်ဘာ ၂၇ရက် တိုက်ခိုက်မှုအတွင်း စစ်သား ၃ယောက်ရဲ့အလောင်းတွေနဲ့အတူ သေနက်၄လက်၊ ကျည်ဆံတချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်နိုဝင်ဘာ ၂၉ရက်နေ့မှာလည်း ကုန်းဆုတ်ပအို့ဝ်ရွာအကျော် ကျောက်ကြီးရွာနား လမ်းလုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်သားတွေ​ကို အထက်ပါတော်လှန်ရေး တပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ယောက် သေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုထဲမှာ ဖရူဆိုတပ်က ပင်စင်ယူဖို့ ၂ နှစ်သာ ကျန်တော့တဲ့ အသက်၅၅နှစ်အရွယ် ဒုအရာခံဗိုလ် ၁ ယောက်နဲ့ တပ်သား၁ယောက်သေခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက ကရင်နီစစ်​မြေပြင်ကို သက်ကြီးပိုင်းအရာရှိတွေနဲ့ စစ်မှုထမ်းလူငယ်တွေကိုအတူတူ တွဲဖက်စေလွှတ်ထားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“နယ်ခံလူဟောင်းတွေက ပြေးလို့အဖမ်းခံရတာနဲ့ သေတာတွေနဲ့ ကုန်နေပြီ။ အခုက အသက်ကြီးတဲ့ ဗိုလ်တပ်ကြပ်တွေ၊ ဒုဗိုလ်တွေနဲ့  စစ်မှုထမ်းလူငယ်လေးတွေ အများစုတွဲထားတာလို့ ပြောရမယ်။ လူသစ်နဲ့ PNOဘက်က စစ်ကူလိုက်လာတဲ့ကောင်တွေ များတယ်ပေါ့။ လူသစ်နဲ့လူဟောင်းတွဲထားတာပါ။”

ဒီလိုမျိုး သက်ကြီးပိုင်းအရာရှိတွေကို ရှေ့တန်းမလွှတ်ဖို့ ကြေးနန်းထွက်ထားပေမယ့်လည်း အင်အားချည့်နဲ့နေတာကြောင့် အခုလို စေလွှတ်ရတာလို့လည်း စစ်တပ်ထောက်ခံသူတွေက ဝေဖန်​​ပြောဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူး၊ ဧရာ၀တီနဲ့ မကွေးက စစ်စခန်းတွေကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်း ရှေ့တန်းစစ်မြေပြင်က ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးက ရဲဘော်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း နယ်စပ်တစ်နေရာမှာ လူထု လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရှေ့တန်းစစ်မြေပြင်က ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေးမှာ ပါဝင်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို ကန့်ကွက်ကြောင်း သောင်းရင်းဆွေးနွေးပွဲ ထုတ်ပြန်

မြန်မာ့အရေးကို ဝင်ရောက်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို လုံး၀လက်မခံဘူးလို့ သောင်းရင်းဆွေးနွေးပွဲကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။