ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။

ဒီဇင်ဘာ ၁၀ရက် မနေ့က ညနေပိုင်းမှာ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ စည်ပင်သာယာအုပ်ချု​ပ်ရေးမှူးရုံးဝန်းထဲ စည်ပင်ဝန်ထမ်း ၃ယောက်ရှိနေချိန် လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ယောက်ထိခိုက်နိုင်တယ်လို့ လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဗုံးပစ်တိုက်ခိုက်မှုကို Freeland Attack Force နဲ့အတူ Anonymous Attack Force-AFF က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တာမွေစည်ပင်ရုံးဝန်ထမ်းတွေအနေနဲ့ စျေးသည်တွေအပေါ် အတင်းအဓမ္မ ပိုက်ဆံတောင်းတာ၊ အင်အားသုံးဖိနှိပ်တာတွေနဲ့ ရပ်ကွက် အတွင်း ဧည့်စာရင်းကောက်ယူရာမှာ စစ်အုပ်စုတွေအတွက် လုံခြုံရေးယူပေးတာတွေရှိနေတာကြောင့် အမျိုးမျိုးသတိပေးရင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

“စည်ပင်တွေလည်း လူပါးဝတာတွေရှိပါတယ်။ စျေးရုံလူကြီးတွေ စျေးကောက်တွေဆို ပြည်သူကို ဆက်ဆံတာမချေမငံ လူပါးဝကြတာပေါ့။ ဒါတွေကို ပြည်သူတွေ တိုင်ကြားလို့ လုပ်တာနေမှာ”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“စည်ပင်ဝန်ထမ်းတွေက အရင်နဲ့မတူ အကြမ်းဖက်စစ်တပ် အားကိုးပြီး အချိုးပြောင်းနေတာကြာပြီ။ အကြီးပိုင်းတွေဆိုငွေရှာနေကြတာ၊ အခုထက်ပိုလုပ်သင့်တယ်” ဟု တာမွေမြို့နေ ပြည်သူ၁ယောက်ကလည်း သူ့အမြင်ကိုပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အခင်းဖြစ်တဲ့နေရာကို စစ်ကား၅စီး၊ ရဲဖောကား ၁စီးနဲ့ လူနာတင်ကားတွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေကိုလည်း သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

တာမွေစည်ပင်ရုံး လက်ပစ်ဗုံးပစ်တိုက်ခိုက်မှုအပေါ် လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force ကို မောင်းက​မေးမြန်းရာမှာ​တော့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

သီပေါမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီ လေယာဥ်နဲ့ ဗုံးအလုံး (၆၀) ကျော် ကြဲချလို့ သီလရှင်တစ်ပါး ပျံလွန်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၆၀)ကျော် ကြဲချခဲ့ရာ သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုတောင်ခမ်းက လက်ကျန်တပ်ရင်း (၂) ခုကို TNLA ကဆက်လက်ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်း ဒေသအနီး စစ်ကောင်စီ​ရဲ့ လက်ကျန်တပ်ရင်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွါးလျက်ရှိတယ်လို့ TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှာ ပေါ်တာဆွဲခံရတဲ့ အမျိုးသား ၁ဦး စစ်တပ် ရိုက်နှက်မှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အမျိုးသား ၁ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မြန်မာ့အရေးမှာ ဒေသတွင်းနိုင်ငံတွေ ပိုမိုပါဝင်လာမှု ရှိနေကြောင်း NUG ယာယီသမ္မတ သတိပေး

မြန်မာ့အရေးမှာ  ဒေသတွင်းနိုင်ငံတွေရဲ့ ဝင်ရောက်ပါဝင်လာမှုဟာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီး DPLA ၊ TNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။