ပဋိပက္ခနဲ့ ရေကြီးနစ်မြုပ်မှုကြောင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြန်မာပြည်ရဲ့စီးပွားရေးဟာ ယခင် ခန့်မှန်းချက်လိုမဟုတ်ဘဲ ထပ်ပြီးကျုံ့သွားဦးမယ်လို့ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

အကြမ်းဖက်မှုနဲ့ ဆင်းရဲမွဲတေမှုတွေ ထပ်တိုးလာဦးမယ်ဆိုပေမယ့် မြန်မာ့စီးပွားရေးဟာ ၂၀၂၅ မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွင်း ၁% တိုးမယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ဇွန်လမှာ ခန့်မှန်းခဲ့တာပါ။

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ မြန်မာပြည်ရဲ့ ဆယ်စုနှစ်တစ်ခုအကြာ ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ရုတ်တရက် အဆုံးသတ်သွားစေခဲ့ပြီး အနောက်နိုင်ငံက ရင်းနှီးမြုပ်နှံသူတွေ ထွက်ခွာကြတဲ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှုတွေ ဖြစ်လာခဲ့တာပါ။

“လက်နက်ကိုင်ပဋိပက္ခ အဆင့်နဲ့ ပြင်းထန်မှုက မြင့်မားနေဆဲဖြစ်ပြီး လူနေမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ဆိုးရွားစွာထိခိုက်စေတယ်၊ ထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေတယ်၊ စီးပွားရေးအလားအလာနဲ့ ပတ်သက်လို့ မသေချာမရေရာမှုတွေ မြင့်တက်လာစေတယ်” လို့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာဘဏ်က ထုတ်ဝေခဲ့သည့် အစီရင်ခံစာ မျက်နှာဖုံး

ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာပြည်မှာ တိုက်ခတ်သွားခဲ့တဲ့ ရာဂီမုန်တိုင်းဟာ ရေကြီးမှုတွေ ဖြစ်ပွားစေခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်မှုကို ကျဆင်းစေခဲ့သလို စီးပွားရေးကဏ္ဍများစွာ ရုန်းကန်ခဲ့ရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

“ကုန်ကြမ်းတွေ၊ သွင်းအားစုတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ ပြည်တွင်းဝယ်လိုအား အားနည်းမှုနဲ့ ပဋိပက္ခနဲ့ စီးပွားရေးမသေချာမရေရာမှုတွေရဲ့ သက်ရောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေအနေနဲ့ အနည်းငယ်ကျုံ့နိုင်မယ်လို့ ခန့်မှန်းထားတယ်” လို့ ၎င်းက ထုတ်ပြန်ပါတယ်။

စစ်ပွဲဒဏ်ကြောင့် ပိုဆိုးလာတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ထောက်ပံ့ရေး ပြတ်တောက်မှုတွေကြောင့် မြန်မာပြည်သူ ၂၅ ရာခိုင်နှုန်းခန့်ဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

လက်ရှိဘဏ္ဍာရေးနှစ်ရဲ့ ငွေကြေးဖောင်းပွမှုအတွက် နှစ်စဉ်ပျမ်းမျှသတ်မှတ်ချက်ဟာ ၂၆% ရှိပြီး ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တုန်းက ၂၇.၅% ထက် အနည်းငယ်နိမ့်မယ်လို့ မျှော်လင့်ကြောင်း၎င်းက ပြောပါတယ်။

ကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်အတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွေဟာ မြန်မာစစ်တပ်ကို အနိုင်တိုက်ခိုက်နိုင်နေခဲ့ပြီး မြန်မာပြည်ရဲ့ ထက်ဝက်ကျော်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၃.၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာကဖော်ပြထားပါတယ်။

“ပဋိပက္ခက ဆက်မတိုးလာဘူးဆိုရင်တောင် (စီးပွားရေး) တိုးတက်မှုက နောက်နှစ်မှာ နိမ့်ကျနေဦးမှာပဲ” လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

မူရင်းသတင်း – Myanmar’s economy to shrink as floods compound crisis, says World Bank

0 Shares:
You May Also Like
Read More

တရုတ်က သူ့အကျိုးစီးပွား သူကြည့်ကာ KIA ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေး၊ စစ်ကောင်စီရဲ့ အရာရောက်မှုကို ဘေးရောက်စေတယ်လို့ စစ်တပ်ထောက်ခံသူတွေ ပြောဆိုနေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံဘက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စားသောက်ကုန်တချို့ စားသုံးဖို့မသင့်လျော်ကြောင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

တရုတ်စီမံကိန်းတွေကို အကောင်းဆုံး ကာကွယ်ပေးသွားမယ်လို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး..မြေပြင်မှာ တရုတ်စီမံကိန်းအများစု တော်လှန်ရေးအဖွဲ့တွေ လက်ထဲရောက်ရှိနေ..

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေကို အကောင်းဆုံး အကာအကွယ်ပေးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်မယ့် မစ္စမာကျားရဲ့ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
Read More

ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှား ဆို

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် EV ကား အားသွင်းရုံများ ထပ်မံဖွင့်လှစ်ဖို့ ရပ်နားထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဟောင်းနေရာက ပန်နီဆူလာဟိုတယ်စီမံကိန်း ရပ်ဆိုင်း၊ ရင်းနှီးမြှုပ်နှံထားတဲ့ငွေ အားလုံးကို ဆုံးရှုံးငွေအဖြစ် သတ်မှတ်

ရန်ကုန်မြို့က အမေရိကန်ဒေါ်လာသန်း ၁၃၀ ကုန်ကျမယ့် ပန်နီဆူလာဟိုတယ်စီမံကိန်းကို  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  Nikkei Asia သတင်းမှာ ရေးသားဖော်ပြထားပါတယ်။