မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။

အခြေခံစစ်သင်တန်းဆင်းပွဲကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဥက္ကဋ္ဌ နာဲမွန်စိုင်း၊ MSFC ကာကွယ်ရေးဌာန ဌာနမှူး နာဲဒင်းပလဟံသာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ – (၃၃) ဗျူဟာမှူး စောဒါးကို၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁)၊ ရေးသိန်းငှက်နဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) က တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်သင်တန်း အပတ်စဉ် (၂) ဟာ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေဆီ ရောက်ရှိလာတဲ့ ရဲဘော်သစ်တွေအတွက် ပို့ချတဲ့ အခြေခံစစ်သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

အခြေခံစစ်သင်တန်း အပတ်စဉ် (၂) မှာတော့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) နဲ့ ရေးသိမ်းငှက်အဖွဲ့က ရဲဘော်သစ်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနှင့် တပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိသည့် ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့ ကွင်းဆင်း ဆေးကုသပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ထိန်းချုပ်နယ်မြေရှိ ဆေးဝါးပစ္စည်းဝယ်ယူဖို့ အခက်အခဲရှိတဲ့ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့က တိုက်ရိုက်ကွင်းဆင်းပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်‌ပေးခဲ့တယ်လို့ DPLF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြကန်သာ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်၊ ပျူတစ်ယောက် သေကာ ကျန်တဲ့ပျူတွေကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေး

ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၈)တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီနဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁ယောက်သေကာ ဒုတပ်ရင်းမှူး ခြေထောက်ဖြတ်လိုက်ရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၀)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ယောက်သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၈ယောက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။