ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ၁၀ ရက်တာအတွင်း စစ်ကောင်စီတပ်က (၅၀) ကျော်‌ ‌သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ (၃၀) ရက်က စလို့ ကျောက်ဂူဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဘက်က (၅၀) ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသက ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီတပ်နဲ့ ဝေးဝေးမှာ နေထိုင်ကြဖို့နဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာသာ စစ်ဘေးရှောင်ကြဖို့ DPLA က မေတ္တာရပ်ခံ သတိပေးထားပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် DPLA ရဲဘော်များ

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) အနေနဲ့ ကျောက်ဂူဒေသက စစ်ကောင်စီနယ်မြေခံ တပ်တွေ ဖြစ်တဲ့ ကျောက်ဂူအမြောက်တပ် ( အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂)၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာကို ရပ်စောက်ဘက်ကနေ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကလေးတောင်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၂၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။
Read More

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ်အနီးတဝိုက်ကိုစစ်ကောင်စီကအောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငွေကြေး အလွဲသုံးစားလုပ်ပြီး စစ်တပ်ထောက်တိုင်များနှင့် ပတ်သက်နေသည့် အခွန်တော်အရာအရှိအပါ ၇ဦးကို အရပ်ဖက်တရားစီရင်ရေးအတိုင်း အရေးယူသွားမည်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေနဲ့ ဆက်သွယ်မှုကြောင့် အခွန်တော်အရာရှိအပါ ၇ ယောက်ကို အရပ်ဘက်တရားစီရင်ရေးအတိုင်း စစ်ဆေးအရေးယူသွားဖို့ရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။