ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ အရေအတွက် ၁၈ ယောက်ရှိတယ်လို့ သိထားရပြီး အဲဒီထဲက ၇ ယောက် စစ်သင်တန်းကျောင်း ပို့ဆောင်ခံလိုက်ရတာလို့ သိရပါတယ်။

“မအူပင်မြို့ကနေ ပြည်ပနိုင်ငံတွေ နယ်စပ်မြို့တွေ ရှောင်တိမ်းသူတချို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ထားတဲ့ ပို့စ်တွေကိုကြည့်ပြီး အကြမ်းဖက်စစ်တပ်က ဖမ်းသွားတာ။ တကယ်တမ်းက ပတ်သက်မှုရှိမရှိကို အကြမ်းဖက်စစ်တပ်က အတိအကျ မသိဘူး။ သူတို့လက်ထဲရောက်သွားပြီဆိုရင်တော့ မပတ်သက်လည်းပတ်သက်၊ မသိလည်းသိ လုပ်ပစ်လိုက်တာလေ။ အခုစစ်မှုထမ်းဖို့ အပို့ခံရတဲ့သူတွေက ဘာနိုင်ငံရေးမှ နားလည်တာမဟုတ်ဘဲ စွပ်စွဲဖမ်းဆီးပြီး စစ်သင်တန်းကျောင်းကိုပို့တာ” လို့ မအူပင်မြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

အခု စစ်မှုထမ်းပို့ဆောင်ခံရသူတွေဟာ ကရင်ပြည်နယ်မှာ PDF သင်တန်း သွားတက်ခဲ့သူတွေဆိုပြီး စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက မအူပင်မြို့ တံတားကြီးကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

“မအူပင်မြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်တယ်၊ တော်လှန်ရေး အင်အားစုတွေကို ကူညီပေးတယ်ဆိုပြီး အကြမ်းဖက်စစ်တပ်နဲ့ ရဲက ဖမ်းဆီးတာ အယောက် ၁၀၀ ကျော်အထိ ဖြစ်နေပြီ။ ငွေကြေးအမြောက်အမြားပေးပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိတယ်” လို့ အထက်ပါ ဒေသခံက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

Myingyan Black Tiger – MBT ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းအခြေစိုက် မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း (Myingyan Black Tiger - MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ (၃) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း ဇွန်လမှ ယနေ့အထိ စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၂၇ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

တနင်္သာရီတိုင်းမှာ ဇွန်လကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

၃ လခွဲအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ဦး သေဆုံးခဲ့ဟု AAPP ဆို

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ၃လခွဲတာ ကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကောင်စီတပ် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွင် ကျဆုံးဟု CRPH ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးမှာ ကျဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။