ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
အမ်းမြို့နယ်ရှိ အမ်းလေဆိပ်၊ စစ်တပ်တပ်ရင်းများအားလုံး၊ ဝန်ကြီးဌာနဆိုင်ရာရုံးများ အားလုံး အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်လိုက်ပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲစခန်း ၃၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အမ်း နပခဌာနချုပ် တစ်ခုတည်းသာ ကျန်ရှိတော့တာကြောင့် အမ်းမြို့၏ နောက် ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ဖို့ AA က ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
AA က အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း အမ်းမြိုနယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများကို တိုက်ခိုက်သိမ်းပိုက်ကာ အမ်းမြို့နယ်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
AA က အမ်းဒေသအပြင် တောင်ကုတ်နဲ့ ဂွကိုစစ်မျက်နှာအတူတူဖွင့်ကာ တပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး တောင်ကုတ်မြို့ကို ရရှိထားပြီဖြစ်သလို ဂွမြို့ကိုလည်း သိမ်းပိုက်လုနီးပါး အခြေအနေရှိနေပြီလည်းဖြစ်ပါတယ်။
AA က ရခိုင်ပြည်နယ်တစ်ခွင် စစ်ကောင်စီကင်းစင်ရေးကို ၂၀၂၄ ခုနှစ်အတွင်းမှာ ဦးစားပေးအစွမ်းကုန် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး ရခိုင်ပြည်နယ်မှာ စစ်တွေနဲ့ ကျောက်ဖြူလိုဒေသအချို့ကိုသာ သိမ်းပိုက်ဖို့ အနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကို တိုက်ဖျက်ကာ သန်းခေါင်စာရင်းကောက်ပေးသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ လောင်းလုံး ပကဖ သတိပေး

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ ထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေသလို သူတို့လက်အောက်ခံ Non CDM ဝန်ထမ်းတွေ၊ ရဲတွေ၊ ပျူစောထီးတွေကို အသုံးချပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုပ်ဆောင်နေပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နှင့် KIA/KPDF တို့ တိုက်ပွဲဖြစ်၊ အပြန်အလှန် ပစ်ခတ်မှုများအတွင်း ဒေသခံ ၄ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။
Read More

အာရှလမ်းမကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ် တော်လှန်ရေးတပ်များ၏ ခုခံစစ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ…

“သူတို့ စိတ်ကူးပေါက်သလို လာတိုက်နေတာပဲ။ အခုလည်း တိုးလာလိုက်၊ ဒီဘက်က ချလိုက်… သူတို့ ပြန်ဆုတ်သွားလိုက်ပဲ။ အဲ့လိုပဲ လုပ်နေတာ။ တိုက်ပွဲတွေကတော့ ခနခန ဖြစ်နေတာ သူတို့ဘက်က အသေဆုံးများတယ်” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ရန် စစ်ကောင်စီ၏ဖိတ်ခေါ်မှု စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးကို အာရုံလွှဲနိုင်ပါ့မလား

စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံးပမ်းနေပြီး အဆိုပါ အတုအယောင် ဟန်ပြရွေးကောက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်လာဖို့ ကမ်းလှမ်းကြောင်း ပြောဆိုထားပါတယ်။
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။