ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆေးခန်းစတင်တည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မယ်တော်ဆေးခန်းတည်​ထောင်ခြင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ် ရံပုံငွေပွဲပါ ပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားကို ဒီဇင်ဘာလ ၆ ရက် မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး မဲလက်မှတ်ကြိုတင်ရောင်းချထားတဲ့ ကား၊ ဆိုင်ကယ်နဲ့ အခြားဆု​မဲပေါင်းများစွာအတွက် ကံစမ်းမဲဖွင့်ပဲကိုပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ဆရာမကြီးရဲ့ မွေးနေ့လည်းဖြစ်၊ မယ်တော်ဆေးခန်း ၃၅ နှစ်ပြည့်လည်းဖြစ်၊ နောက်တခုက ဆေးခန်းရံပုံငွေ ကံစမ်းမဲဖွင့်ပွဲလည်းဖြစ်တော့ စည်ကားသိုက်မြိုက်သွားတာပေါ့၊ ပျော်ဖို့လည်းကောင်းပါတယ်၊ အစားအသောက်တွေလည်း အလျှံပယ် ကျွေးတယ်၊ အဓိကမြန်မာအစားအစာတွေ ဖြစ်တဲ့အကြော်အလှော်လေးတွေပါ ကျွေးတယ်၊ အရမ်းပီတိဖြစ်ရတယ်”လို့ ပွဲတက်ရောက်ခဲ့တဲ့အမျိုးသမီးတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“မွေးနေ့ဆုတောင်းပေးခဲ့တယ်၊ တကယ်လည်းမွန်မြတ်ပြီးစေတနာကောင်းမွန်တဲ့ ဆရာမကြီး ဒေါက်တာဒေါ်စင်သီယာမောင် သက်ကျော်ရာကျော်ရှည်ပါစေ၊ နယ်စပ်မြို့လိုဖြစ်နေတော့ ဆေးဝါးကုသတာကအစ အရမ်းအဆင်​ပြေတယ်လေ၊ အခုလိုဆေးခန်းမျိုး အများကြီးပေါ်ပေါက်ပါစေလို့လည်း ဆုတောင်းပါတယ်၊ အဘက်ဘက်က တော်တဲ့ဆေးကုသပေးတဲ့ ဝန်ထမ်းတွေကိုလည်း အရမ်းလေးစားမိတယ်”လို့ အထက်ပါပွဲတက်ရောက်ခဲ့သူက ဆက်ပြောပါတယ်။
မဲဆောက်မြို့က မယ်တော်ဆေးခန််းတည်ထောင်ခဲ့သူ ဒေါက်တာစင်သီယာမောင်ဟာ ၁၉၉၉ ခုနှစ်မှာ အမေရိကအမျိုးသမီးဆေးအဖွဲ့က ပေးအပ်တဲ့ Presisident’s Award John Humphrey Freedom Award ဆုအပါအဝင် ဆုတံဆိပ်ပေါင်းများစွာ ပေးအပ်ချီးမြှင့်ခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပဲခူးတိုင်းရှိ ပကဖ ရဲဘော်များကို လက်နက်တပ်ဆင်

ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲပျက်အောင် လှုံ့ဆောင်သည်ဟုဆိုကာ အသက်မပြည့်သူများအပါ အမျိုးသား ၉ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်နေလို့ စစ်ကောင်စီ ဗုံးကြဲတာဖြစ်ကြောင်း သတင်းထွက်နေမှုအပေါ် TNLA ငြင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရတာဟာ တအာင်းတပ်မတော် TNLA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်ရှိနေတာကြောင့် စစ်တပ်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေမှုအပေါ် TNLA က ငြင်းဆိုလိုက်ပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပုန်းဝပ်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂ဦး သေ

“သတင်းထောက်ဖို့သွားရင်း စခ ၂ကောင် ကင်းပုန်းဝပ်နေတာတွေ့ပြီး ပစ်သတ်ပြီးမှ ပုန်းနေတဲ့ ခွေးတွေက ပေါ်လာပြီး လက်နက်ကြီးနဲ့ ထုကြတာ။ စခ ၃၀ လောက်ရှိတယ်။ ရုတ်တရက်ဖြစ်သွားတဲ့ တိုက်ပွဲမို့ မှတ်တမ်းယူချိန် မရလိုက်ဘူး” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။