ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အနောက်ဘက်ကမ်း ကျွန်းတောကုန်းကျေးရွာကနေ နှောပင် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄  ထံက သိရပါတယ်။ 

ဒီဇင်ဘာ ၅ ရက် မနေ့က နှောပင်ကျေးရွာကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို Royal Thunder Column ရဲဘော်တွေက စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေ အထိနာသွားကာ  ကျွန်းတောကုန်းကျေးရွာကို ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။ 

တော်လှန်ရေးရဲဘော်တွေဘက်ကို နေပြည်တော်တပ်ရင်း ၈၀၄၊ ၉၀၁ ရဲဘော်တွေ စစ်ကူရောက်ရှိလာပြီး ပုဝါနီစစ်ကြောင်းက လက်နက်ကြီးပစ်ကူပေးမှုတွေရှိလာတဲ့အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့ပြီး G3 ကျည်ဆန်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့လည်ပိုင်းမှာ စက်သေနတ်တင် သံချပ်ကာယာဉ်အပါအဝင် အင်အားဖြည့်ကူစစ်ကြောင်းနဲ့အတူ အကြမ်းဖက်စစ်သားတွေ ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ Royal Thunder Column စစ်ကြောင်း၊ နေပြည်တော်တပ်ရင်း ၈၀၄၊ ၉၀၁နဲ့ ကီးကူစစ်ကြောင်း၊ပုဝါနီစစ်ကြောင်းပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စောင့်ကြိုတိုက်ခိုက်ခံရတဲ့အတွက် အရာရှိ ၁ ယောက် အပါအဝင် စစ်​သား ၂၄ ယောက်သေပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ Royal Thunder Column က ရဲဘော် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာကြီး (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက  ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာ ကြီး ကျဆုံးခဲ့ရတယ်လို့ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊ တပ်ခွဲ(၂) ထံက သိရပါတယ်။
Read More

အင်းလေးဒေသတွင် နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီးလောင် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသအတွင်း နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စက်တင်ဘာ ၃၀ ရက် ဒီမနက်အစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငါးဖယ်ချောင်း ကျေးရွာအုပ်စု သပြေပင်ရှေ့အမှတ် (၁) ရပ်ကွက် နေအိမ် ၁ လုံးကို မိုးကြိုးပစ်ခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိပေမယ့် နေအိမ်ကတော့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းမူမြို့ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းမူမြို့ရဲစခန်းနဲ့ ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၁၇ ရက် မနေ့က မနက် ၁ နာရီဝန်းကျင်အချိန်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force MNRF အဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။
Read More

မောတောင်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးမိ (ရုပ်သံ)

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံဖိုင်ကို CDM ဗိုလ်မှူး တင်လင်းအောင်က လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ ရက် မနေ့မှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ စစ်သုံ့ပန်းတွေအပြင် ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက်၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊ လက်နက်ငယ် ၃၆လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်နေသည့် စစ်တပ်အထိုင်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေစဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force က သတင်းထုတ်ပြန်ထားပါတယ်။