ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ အမှတ် ၁၁ ရပ်ကွက် မကွေးလမ်းနဲ့ ရွှေဝတ်မှုံလမ်းထောင့်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းတွေပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။

လှိုင်သာယာ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်ဇော်ဦးက ဒီနေ့ ဒီဇင်ဘာ ၅ရက် မနက်ပိုင်းမှာ သူ့အမျိုးသမီးကို အလုပ်လိုက်ပို့ချိန် ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“အနီးကပ် သေနတ်နဲ့ပစ်သွားတာ။ ၃ချက် ၄ချက်လောက်ရှိတယ်။ သေဖို့များတယ်။ ဆိုင်ကယ်မောင်းလာတဲ့အချိန်မှာ သေနတ်သမားက ပစ်ခတ်ခဲ့တာ။ သူ့အမျိုးသမီးကိုတော့ မပစ်ဘူး။ သေဖို့များတယ်” လို့ မျက်မြင်တွေရှိခဲ့သူက မောင်းကိုပြောပါတယ်။

“သေနတ်ပစ်ခတ်မှုပြီးလို့ သိပ်မကြာဘူး။ စစ်သားတွေ ရဲတွေ ရောက်လာပြီး လမ်းတွေပိတ်ဆို့ပြီး ခရီးသွားတွေကို ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်” လို့လည်း အထက်ပါ မျက်မြင်တွေ့ရှိသူက ဆက်ပြောပါတယ်။

ပြီးခဲတဲ့ အောက်တိုဘာလ ၁၃ရက်နေ့ကလည်း လှိုင်သာယာမြို့နယ် အမှတ်၁၁ရပ်ကွက်မှာရှိတဲ့ အောင်မင်္ဂလာဘုန်းကြီးကျောင်းဝင်းအနီးမှာ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ဥဦးကျော်ဝင်းသူ ဆိုသူလည်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရသေးကြောင်း လှိုင်သာယာမြို့နေထိုင်သူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းကို ထိုးစစ်အသွင်ပြောင်းလာလို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အရေအတွက်မြင့်တက်

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းဒေသကို ထိုးစစ်အသွင်ပြောင်းလာပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာတယ်လို့  Rehmonnya Institute for Civic Engagement - RICE  က ထုတ်ပြန်ပါတယ်။  
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။