မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၅ရက်၊ ဒီနေ့ နေ့လည်ပိုင်းက မြင်းခြံနယ် မြောက်ကျွန်းရွာကနေ မြို့ပေါ်ကို ပြန်လာတဲ့ အကြမ်းဖက် စစ်သားတွေရဲ့ကားကို မြို့မြောက်ဘက်အထွက် အနိမ့်လမ်းတစ်နေရာမှာ MBT အဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲခံရမှု​ကြောင့် ခွေးဘီလူးကားနဲ့လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သား ၅ယောက်ထဲက ၂ယောက်သေပြီး အသေးစိတ်ထိခိုက်မှုတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

” မိုင်းက ၂လုံးထောင်ခဲ့တာပါ။ လမ်းဘေးတစ်ဖက်တစ်ချက်မှာပေါ့။ ဒါပေမယ့် ပြည်သူတွေထိမှာစိုးလို့ တစ်လုံးပဲ ခွဲခဲ့ရတာပါ။ မိုင်းဆွဲပြီး သူတို့လျှောက်ပစ်ပေမယ့် ကျနော်တို့ ထွက်လာနိုင်ခဲ့ပါတယ်။” လို့ Myingyan Black Tiger ( MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Myingyan Black Tiger အဖွဲ့ အသုံးပြုခဲ့တဲ့ မိုင်း

ကားမိုင်းဆွဲခံရပြီးတဲ့နောက် စစ်ကောင်စီက အနီးပတ်ဝန်းကျင်ကို သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလို လမ်းပိုင်းအနီးအနား စစ်ဆေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက်နေ့ကစလို့ ဒီနေ့အထိ မြင်းခြံနဲ့ ထိစပ်နေတဲ့ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လို့  အရပ်သား၉ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အခု မိုင်းဆွဲမှုဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အပြစ်ပြည်သူတွေကိုယ်စား လက်တုံ့ပြန် သွေးကြွေးတောင်းခဲ့တာဖြစ်တယ်လို့လည်း Myingyan Black Tiger (MBT) က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ရက်နေ့ကလည်း မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်ချရာ ထွေအုပ်ရုံးနဲ့ မြင်းခြံ​ဟိုတယ်တွေကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Myingyan Black Tiger (MBT) အနေနဲ့ လက်ရှိမှာ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အပတ်စဥ် ၁၅ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပြီး မြင်းခြံမြို့နယ်အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆင်နွှဲဲနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် တိုက်ဖျက်နေသည်ဟု မင်းအောင်လှိုင် ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဆော့လော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ပခုက္ကူတွင် သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူအဖွဲ့နှင့် တပ်မ ၁၀၁ ပူးပေါင်းစစ်ကြောင်းထိုးနေ၊ စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူစောထီးတွေနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းက ကျေးရွာတွေကို စီးနင်းဝင်ရောက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ၃ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ရေဦးမြို့အဝင်က စစ်တပ်ဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့အဝင်ဂိတ်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရာ ထိခိုက်မှုသေဆုံးမူတွေရှိနိုင်ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မဲလုံး က မောင်းကိုပြောပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။