စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF LOCAL PDF က ထုတ်ပြန်ထားပါတယ်။

ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၁ ရက်ထိ ၃ ရက်ဆက်တိုက် ဒရုန်း၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဆားတောင်မိုးကြိုးအဖွဲ့၊ ဆားတောင်မြို့ပြပျောက်ကျား GS အဖွဲ့နဲ့ Young Wolf (P.D.F) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီသင်္ဘော ၁ စီး နစ်မြုပ်၊ ၃ စီး မီးလောင်ပျက်စီး

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေပါဝင်တဲ့ သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က လမ်းတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေ

မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ မွမ်းမံသင်တန်းဆင်းပွဲတွင် ယူနီဖောင်းတပ်ဆင်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်း-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၄) လက်အောက်ခံ အမှတ် (၁၀၁) တပ်ရင်း ၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲ(၄)ဝံပုလွေတပ်ခွဲက မွမ်းမံသင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်ပေးပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မြောက်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။