စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားရာ စစ်တပ်ဘက်က ၂၂ ယောက် သေဆုံးပြီး ၃ ယောက် အရှင်မိခဲ့တယ်လို့ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ခန္တီးမြို့နယ်၊ ချောင်းသုံးခွ‌ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) ၊ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းက ၂ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ပဒူးမုန်း ဆိပ်ကမ်းကနေ ခန္တီးမြို့ကို ညပိုင်း ပို့ဆောင်ချိန် လမ်းမှာ ၂ ယောက် သေဆုံးခဲ့သလို ကျန်တဲ့ ၆ ယောက်လည်း နိုဝင်ဘာလ ၂၃ ရက်မှာ ဆေးရုံကုသမှု ခံယူနေချိန် ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကိုလည်း MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက် တို့နဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၄ ရက် မနက်ပိုင်းမှာလည်း ချောင်းသုံးခွဘက်ကို ထပ်မံ တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၅ ယောက် ပွဲချင်းပြီးသေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ တပ်သား ၇ ယောက်ကို နတ်စလင်းချောင်းကနေ နမ်ခမာချောင်းကို ပို့ဆောင်ခဲ့ပြီး နမ်ခမာချောင်းဆုံကတဆင့် ခန္တီးမြို့ကို နေ့လည်ပိုင်းမှာ ပို့ဆောင်ချိန် ၄ ယောက် ထပ်မံသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီ သုံ့ပန်း ၃ယောက်နဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတချို့
အောက်ဖော်ပြပါ လင့်တွေမှာလည်း “မောင်း” ရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
0 Shares:
You May Also Like
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန်

ခဲ့တဲ့ ဇွန်လမှာ ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၁၁ ကြိမ်အထိ ရှိခဲ့ကြောင်း Operation Flame (OF) အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၁၁ ကြိမ်ထဲမှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၈ ကြိမ်၊ လုပ်ကြံမှု ၁ ကြိမ် နဲ့ ဖယ်ရှားရှင်းလင်းခံရမှု ၂ ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေ ဒရုန်းနဲ့ ဗုံးကြဲ၊ ဒေသခံပအိုဝ်းပြည်သူ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲလို့ ဒေသခံပအိုဝ်းပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပအိုဝ်းပြည်သူလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ထားပါတယ်။
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးအိုးဘို အကျဉ်းထောင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား (၇)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း PPNM ထုတ်ပြန်…

“ဒရုန်းကြဲတဲ့ အဖွဲ့ကို ကျွန်တော်တို့ အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက ကြဲတာလား… တော်လှန်ရေးအင်အားစုတွေက ကြဲတာလား ဆိုတာကို တိတိကျကျ ပြောဖို့ အခက်အခဲရှိပါတယ်၊ ကျွန်တော်တို့ အချက်အလက် ရရင်တော့ တရားဝင်ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒရုန်နဲ့ကိုမှ Drop ဗုံးချခဲ့တာ ဖြစ်ပါတယ်” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။