Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကို ဒရုန်းစစ်ဆင်ရေးတွေနဲ့ ဖိအားပေး တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ Federal Wings အဖွဲ့ဟာ NUG ရဲ့ နည်းပညာဝန်ကြီးဌာန (MOCIT)နဲ့ ပူးပေါင်းနေမှုကို လက်တွဲဖြုတ်လိုက်ခြင်း ဖြစ်ပါတယ်။
Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးမှာ ပိုမိုအာရုံစိုက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကိုယ်နိုင်ရာ လမ်းကြောင်းတွေကနေ တော်လှန်ရေးခရီးကို သီးခြားလျှောက်လှမ်းဖို့အတွက် မတတ်သာဘဲ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း Federal Wings က ဆိုပါတယ်။
Federal Wings ဘက်က NUG ရဲ့ MOCIT နဲ့ လက်တွဲဖြုတ်ရခြင်း အဓိကအကြောင်းအရင်းကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။
Federal Wings ဒရုန်းတပ်ဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နှစ်လည်ပိုင်းက စတင်ပြီး ကရင်ပြည်နယ် အခြေပြု ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
NUG ရဲ့ MOCIT က Federal Wings အတွက် ရန်ပုံငွေရှာဖွေခြင်းနဲ့ ငွေရေးကြေးရေးပိုင်းမှာ အဓိက ပါ၀င်ဆောင်ရွက်ပြီး Federal Wings ကတော့ နည်းပညာသစ်တွေနဲ့ ဒရုန်းထုတ်လုပ်ရေး၊ စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Federal Wings ရဲ့ ဒီနေ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မောင်းကအတည်ပြုမေးမြန်းခဲ့ပေမယ့် အခြေအနေတချို့ကြောင့် လတ်တလောမှာ မဖြေကြားပေးနိုင်သေးကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
==========================
အောက်ဖော်ပြပါ လင့်တွေမှာလည်း “မောင်း” ရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
0 Shares:
You May Also Like
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အမျိုးသား ၂ ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

အဓမ္မစစ်မှုထမ်းစေခိုင်းခံရသည့် စစ်ကော်မရှင်တပ်သား ၅ ဦး KNU ထံ လက်နက်ချ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်ကော်မရှင်တပ်သား ၅ ယောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံ အလင်းဝင်ရောက်လာတယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းတပ်သား (၇) ဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား ၇ ယောက် အလင်းဝင် ဘက်ပြောင်း ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်တာတဲ့ စစ်မှုထမ်းတပ်သား ၇ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်က KNLA တပ်ရင်း ၉ ထံကို အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ  ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက  ထုတ်ပြန်ထားပါတယ်။