ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
ဆွေးနွေးပွဲမှာ ယခင်၊ လက်ရှိနဲ့ လာမယ့် အာဆီယံဥက္ကဋ္ဌတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားတို့ ပါဝင်မှာဖြစ်ကြောင်း လာအိုရဲ့ အာဆီယံဌာန ညွှန်ကြားရေးမှူးချုပ် Chatoulong Bouasisavath က မကြာသေးမီက လာအိုမှာပြုလုပ်ခဲ့တဲ့ (၈) ကြိမ်မြောက် အာဆီယံမီဒီယာဖိုရမ်မှာ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့ အာဆီယံဥက္ကဋ္ဌလက်ထက်မှာ အာဆီယံခေါင်းဆောင်တွေအကြား ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ချက်ကို အကောင်အထည်ဖော်ဖို့ ပြန်လည်သုံးသပ်မယ်လို့ သိရပါတယ်။
မြန်မာ့အကျပ်အတည်းအရေး ဆွေးနွေးပွဲအပေါ် အခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုရဲ့ မျှော်မှန်းချက်နဲ့ ဘုံသဘောတူညီချက် ၅ချက်အပေါ် ဘယ်လိုအထောက်အကူပြုမလဲဆိုတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီး Bouasisavath က အခုလိုပြောပါတယ်။
“အဓိက ရည်ရွယ်ချက်က ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဆက်လုပ်သွားနိုင်ဖို့ပဲလို့ ကျနော် ယူဆတယ်။ ဘာလို့လဲဆိုတော့ အရင်ကနဲ့ အခု အာဆီယံ ဥက္ကဋ္ဌတို့ရဲ့ တိုးတက်မှုကို ပြန်သုံးသပ်ပြီး နောက်လာမယ့် ဥက္ကဋ္ဌက ဘာလုပ်မယ်ဆိုတာ သိစေချင်လို့ပါ” လို့ သူက ပြောပါတယ်။
မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ အာဆီယံအဖွဲ့ဝင်တွေလည်း ပါဝင်နိုင်စေဖို့ ဆွေးနွေးပွဲကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါသေးတယ်။
“ဒီအစည်းအဝေးမှာ အာဆီယံက အဆိုပြုထားတဲ့ အချက်ငါးချက်ကို ဆန့်ကျင်မှာ မဟုတ်ဘဲ အကောင်အထည်ဖော်ဖို့ကို ပံ့ပိုးသွားမှာပါ။ ဘာလို့လဲဆိုရင် အာဆီယံအဖွဲ့ဝင် အချင်းချင်း လျှို့ဝှက်ချက်တွေ မရှိလို့ပဲ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဘုံသဘောတူညီချက်ငါးရပ်က မြန်မာ့ဖြေရှင်းနည်းနဲ့ မြန်မာ့အရေး အဖြေရှာဖို့ ကူညီနိုင်မှာဖြစ်ကြောင်း သူက ပြောဆိုပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ်မဟုတ်သူတစ်ယောက် အာဆီယံအစည်းအဝေး တက်ရောက်ခဲ့တာဟာ ဒီအပေါ် ထင်ဟပ်စေတယ်လို့ သူကဆိုပါတယ်။
မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ရက်နဲ့ ၂၀ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အတည်မပြုရသေးဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့တဲ့အပေါ် မစ္စတာ Nikorndej က ထိုင်းနိုင်ငံဟာ ICC အဖွဲ့ဝင်မဟုတ်ပေမယ့် အခြေအနေရဲ့ ထိလွယ်ရှလွယ်မှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
News – BangkokPost
Photo – AFP
0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းမှုနှင့်အတူ ငလျင်ဘေးဒဏ် ခံစားနေရသည့် မြန်မာ့အခြေအနေကို နိုင်ငံတကာ ပါလီမန်များညီလာခံမှာ အသိပေးမည်

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူတွေ ငလျင်ဘေးဒဏ် ခံစားနေရမှုအပေါ် ကမ္ဘာက ပိုမိုသိရှိပြီး အကူအညီတွေ ရရှိစေဖို့ နိုင်ငံတကာ လွှတ်တော် အသိုင်းအဝိုင်းကို သတင်းစကားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
Read More

ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးအပ်ထားမှုအပေါ် ပြန်လည်သုံးသပ်ဖို့ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခ ရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံရှိ စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားခေါင်းဆောင်များကို ကူညီ အမှုဖွင့် တိုင်ကြားပေးခဲ့

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ကူညီပြီး အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မလေးရှားကို အလုပ်သွားလုပ်မယ့် တရားမဝင် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ၊ မလေးရှားသွားဖို့ ပွဲစားကို တစ်ယောက် ဘတ်တစ်သိန်းကျော် ပေးရကြောင်း ထိုင်းရဲ ဆို

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ ၁၀ ယောက်ကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြပါတယ်။