ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
အဲဒီ ရုပ်အလောင်းတွေကို မူဆယ်မြို့ထဲက ရပ်ကွက်တွေမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်း တစ်လောင်းကတော့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ထဲမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေဟာ မူးယစ်ဆေးဝါးသုံးစွဲသူ အများစုဖြစ်ပြီး တချို့ကတော့ သတ်ဖြတ်ထားခံရတဲ့ ရုပ်အလောင်းလည်း ပါဝင်သလို ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မူဆယ်မြို့မှာ ပိုင်ရှင်မဲ့ရုပ်အလောင်း (၇) လောင်းတွေ့ရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
မူဆယ်မြို့ဟာ စစ်ကောင်စီထိန်းချုပ်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး လောင်းကစား၊ မူးယစ်ဆေးသုံးစွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနဲ့ လုယက်မှုတွေ အရင်ကထက် ပိုမိုများပြားလာပြီး ဒေသခံလူထုကလည်း စိုးရိမ်နေရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလက KNPP ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါ စစ်ဘေးရှောင်ပြည်သူ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

ပြည်မြို့တွင် စစ်ကော်မရှင် လက်အောက်ခံ အချင်းချင်း ပေါ်တာမှားဆွဲမှု ဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။