မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်း​တောင်ဂိတ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေက ခရီးသွားတွေကို မသင်္ကာလို့ဆိုပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုစစ်ဆေးရာမှာ ဆေးပြားတွေ အသင့်ဆောင်ထားကာ ခရီးသွားပြည်သူတွေဆီမှာ ရှာတွေ့တယ်ဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁ရက်နေ့ မနက်ပိုင်းကလည်း ဆိုင်ကယ်မောင်းလာတဲ့ လူငယ်တစ်ယောက်ကို ခေါ်ယူစစ်ဆေးပြီး သူ့ရဲ့ ဘောင်းဘီအိတ်ကပ်ထဲ စိတ်ကြွဆေးပြားထည့်ကာ ဆေးသုံးသူအဖြစ် စွပ်စွဲဖမ်းဆီး ငွေညှစ်တောင်းယူခဲ့တယ်လို့ သိရပါတယ်။
“လုပ်ကြံခံရတာပေါ့ဗျာ။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်တတ်တဲ့သူကို ဆေးပြား အိတ်ထဲထည့်ပြီး ထောင်ဖမ်းတဲ့သဘောပေါ့။ ဒီဇင်ဘာလ ၁ရက်နေ့ မနက် ၉နာရီက စစ်ဆေးတာ။ စစ်ဆေးတဲ့သူက ဆေးပြား လက်ထဲထည့်ထားပြီး ကလေးဆီမှာ တွေ့တယ်ဆိုလုပ်တာ။ ပြီးတော့ ၆သိန်းတောင်းတယ်” လို့ ဖမ်းဆီးခံရတဲ့လူငယ်နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။
အဲဒီ ချောင်းတောင်ဂိတ်မှာ အရင်ကတည်းက ခရီးသွားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်လေ့ရှိပြီး အခုအခါမှာ ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေပါ လုပ်နေတာလို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပြပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်ဟာ ရေးမြို့နယ် ကဗျာဝကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ချောင်းတောင် စစ်ဆေးရေးဂိတ်မှာ ထောင်ချောက်ဆင် ဖမ်းဆီးခံရပြီးတဲ့နောက် သူတို့တောင်းတဲ့ ငွေကျပ် ၆သိန်း မပေးနိုင်သေးလို့ ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ငဖဲမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက စစ်ကောင်စီတပ်သား (၆) ယောက်ကို ပစ်ခတ်တိုက်ခိုက်ရာ (၃) ယောက် သေပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ Loikaw Local PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ လွိုင်ကော် မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အပစ်ရပ်ကာလနောက်ဆုံးရက်မှာ မိုးကုတ်ကို လေကြောင်းကနေ ပေါင်(၂၅ဝ) ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်ကာလ နောက်ဆုံးရက်မှာ လေကြောင်းကနေ ပေါင်(၂၅ဝ)ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။