စစ်ကိုင်းတိုင်း မြင်းမူမြို့ မြောက်ဘက်က ရွှေတောင်ဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force – MMU အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေဘက်က သိန်း ၃၅၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းမူမြို့နယ် ပကဖ က ဦးဆောင်ပြီး မြို့နယ်ပကဖဒရုန်းတပ်ဖွဲ့၊ BlackEagle DefenceForce(MMU)၊ ဗိုလ်မင်းရောင်တပ်ဖွဲ့နဲ့ မြင်းမူမြို့အမှတ်(၃)ရပ်ကွက်ပကဖ(DK)အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချလို့ ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်ကို လမ်းဖောက်မယ်

ရန်ကုန် PDF နဲ့ ရန်ကုန် ပကဖ တို့ အတူတကွ ဟန်ချက်ညီညီ ဆောင်ရွက်ကြမယ့် ရန်ကုန်သို့ လျှောက်သောလမ်း "Road to Rangoon" Campaign ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ စတင်တော့မှာဖြစ်ပါတယ်။ 
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏ ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းအား KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အမိုနယ်စပ် (သို့)  ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မော်ဖိုးကေတပ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့က စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေ တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက မေလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက စတင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ထိုင်းသတင်း Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။