အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC အနေနဲ့ အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးနိုင်ဖို့ တောင်းဆိုတိုက်တွန်းလိုက်ကြောင်း မန္တလေး အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်း၀ရမ်းထုတ်ဖို့ရှိနေမှုအပေါ် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဟာ သက်သေခိုင်လုံမှုရှိနေတဲ့အတွက် နိုင်ငံတကာရာဇဝတ်တရားရုံးအနေနဲ့ ဖမ်းဝရမ်း အတည်ပြုပြီး နိုင်ငံတကာဥပဒေတွေနဲ့ အညီ အပြစ်ပေးအရေးယူသွားနိုင်မယ်လို့ ယုံကြည်ကြောင်း အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ထုတ်ပြန်ပါတယ်။
တဆက်တည်းမှာပဲ မြန်မာနိုင်ငံရှေ့နေများကောင်စီကလည်း ICC တရားရုံးက တရားသူကြီးတွေ မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့နဲ့ လိုအပ်သလို ဥပဒေနဲ့အညီ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ တောင်းဆိုတိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ ရုံးတင်စစ်ဆေးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ဦးတိုက်လျှောက်ထားပြီး ဖြစ်ပါတယ်။
ICC က ဖမ်း၀ရမ်းထုတ်ပေးဖို့ တင်ပြထားမှုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မင်းအောင်လှိုင် အမြန်ဆုံးဖမ်းဆီး အရေးယူနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက ကြိုဆိုတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။
စစ်ကောင်စီဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်တဲ့ တရုတ်နိုင်ငံကတော့ ICC အရေးမှာ အဖြေမှန်ကို ရှာဖွေဖို့ တိုက်တွန်းပြောကြားထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ICC မှာဖမ်း၀ရမ်းထုတ်မှုဟာ တရားဝင်မှုမရှိဘဲ ကန့်ကွက်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေတဲ့ကိစ္စကို နိုင်ငံတကာအဖွဲ့အစည်းတော်တော်များများက ထောက်ခံကြိုဆိုထားကြပြီး ကုလသမဂ္ဂလက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM အနေနဲ့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရေးယူနိုင်ဖို့ ICC တရားရုံးနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင်ထုတ်ပြန်
ကြေညာထားပါတယ်။
CC တရားရုံးဆိုတာ နယ်သာလန်နိုင်ငံမှာ တည်ရှိပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုကျူးလွန်သူတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေကို ဖမ်းဆီးအရေးယူဖို့ ၀ရမ်းထုတ်ပေးတာ၊ အပြစ်ပေးအရေးယူတာတွေ ပြုလုပ်တဲ့ နိုင်ငံတကာခုံရုံး ဖြစ်ပါတယ်။
ICC မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်ပြီး အာဆီယံအတွင်းက တစ်ခုတည်းသော ICC အဖွဲ့ဝင်နိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံတစ်နိုင်ငံတည်းသာရှိတာပါ။
၂၀၀၂ ခုနှစ်ကစလို့ ICC ကနေ နိုင်ငံတကာမှာ ဖမ်း၀ရမ်းထုတ်ခံရသူ ၄၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၃၀ကျော်ဟာ နိုင်ငံ့ခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင် တချို့ပါဝင်တယ်လို့လည်း ICC မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ် ချက်ချင်းအရေးယူဆောင်ရွက်ချိန်တန်ပြီလို့ KHRW က တိုက်တွန်းတောင်းဆို

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ် ချက်ချင်း အရေးယူဆောင် ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်း  ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကျဆုံးရဲဘော်အတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ (ခ) ရဲဘော် C Jadeအတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် မနေ့က စစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ပျူရွာကို ရိက္ခာလာပို့တဲ့ စစ်အုပ်စုတွေ ၂ရက်ဆက်တိုက်ခိုက်ခံရ၊ ၁၀ယောက်သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာအတွက် ရိက္ခာသွားပို့တဲ့ စစ်အုပ်စုတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံ ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဟု နိုင်ငံအနှံ့ နေ့စဥ် လေကြောင်းဗုံးကြဲနေသည့် စစ်ခေါင်းဆောင် ပြော၊ ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းသူများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲပေးရန် မင်းအောင်လှိုင် လိုက်လံစည်းရုံး

နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ မနေ့က စစ်အုပ်စု ဝါဒဖြန့်မီဒီယာကနေ ထုတ်ပြန်ထားပါတယ်။