မကွေးတိုင်း မင်းဘူးမြို့နယ် ပုသိမ်-မုံရွာလမ်းမ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီးမှာ နိုဝင် ဘာ ၂၇ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Special Ranger Force အဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ယောက်ခန့်သေဆုံးပြီး အထိနာသွားတဲ့ လက် နက်ကြီးပစ်ကူအလွန်အကျွံသုံးကာ ပြန်လည်အသုံးပြုတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိ အခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ရွှေစက်တော်ဘုရားအတွင်း ပြည်သူလူထုကို အကာ အကွယ်ယူကာ စစ်ရေးပြင်ဆင်တာ၊ ခရီးသွားပြည်သူတွေထံက ငွေကြေးတွေ တောင်းခံနေတဲ့အ တွက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Special Ranger Force မှ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ် (၈) တပ်ရင်းနဲ့ မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-မန်းရွှေစက်တော် အဝင် ၃မိုင်ဂိတ် အနီး တိုက်ပွဲအတွင်း ဒရုန်းတိုက်ခိုက်မှု ရုပ်သံမှတ်တမ်း

0 Shares:
You May Also Like
Read More

တံတားဦးမှ ငါန်းဇွန်ဘက် လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ငယ်‌များဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့ စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၁  ရက် မနက်ပိုင်းက ခြေလျင်စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တယ်လို့   မြင်းခြံခရိုင်တပ်ရင်း(၃) ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။
Read More

နယ်မြေစိုးမိုးနိုင်ရေး ရေနံချောင်း-မကွေး ကားလမ်းပေါ် မှာ ခရီးသွားယာဉ်တွေကို PDF များ ရှောင်တခင်စစ်ဆေး (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်း-မကွေး ကားလမ်းပေါ်မှာ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက နယ်မြေစိုးမိုးနိုင်ရေးအတွက် ခရီးသွားယာဉ်တွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မြေလတ်လင်းပိုင်စစ်ကြောင်းထံက သိရပါတယ်။
Read More

ဘားအံတွင် ဆေးကြောင်နေသည့် လူငယ် ကြော်ငြာဆိုင်းဘုတ်ပေါ်မှ ခုန်ချ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဆေးကြောင်နေတဲ့ လူငယ် ၁ ယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန် မြေအောက်စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသည့် ကလေးငယ်များ (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် မြေအောက်စာသင်ကျောင်းအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနေပြီဖြစ်တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။