ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက တပ်ရင်း ၂ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအခမ်းအနားမှာတော့ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်တို့က အမှာစကားတွေ ပြောကြားခဲ့ပြီး ၂ နှစ်အတွင်း ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက သူရဲကောင်းရဲဘော်တွေကို သတိရအောက်မေ့ပြီး ဝမ်းနည်းဂုဏ်ယူစွာ အလေးပြုခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ဆင်ရေး အရှိန်မြှင့်ရန် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင်ပေးအပ်

စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ် - ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပဲခူးတိုင်းစစ်ဌာနထံ လက်နက်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

မိုးဗြဲမြို့ကို သာလွန်အင်အားနှင့် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် PDF တပ်ရင်း ၈၀၅ က မဟာမိတ်တပ်များနှင့်အတူ ခုခံကာကွယ်နေ…

ကရင်နီပြည်နယ်ရှိ မိုးဗြဲမြို့ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၈၀၅ က မဟာမိတ်တပ်တွေနဲ့အတူ ခုခံကာကွယ်နေတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းက နာမည်ကြီး ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး ၇ ယောက် သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ လိုက်ပါလာတဲ့ အိမ်စီးကားတွေ မင်းကွန်း-စစ်ကိုင်းလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခံရပြီး ရွှေကျားအပါအဝင် သေဆုံးသူ ၇ ယောက်ရှိခဲ့ကြောင်း သိရပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

နမ့်ဆန်နှင့် နမ္မတူတွင် စစ်တပ် ထပ်မံလေကြောင်းဗုံးကြဲမှုကြောင့် ၃ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၇ရက် ဒီမနက် ၈နာရီကျော်လောက်မှာ နမ္မတူမြို့ အ.ထ.က(၁) ကျောင်း ဝန်းကျင်ကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “စာသင်ကျောင်း မဖွင့်ပါဘူး။ ဗုံးကျတဲ့နေရာက အ.ထ.က ၁ ထဲ တစ်လုံး၊ စာသင်ကျောင်းအနီးမှာရှိတဲ့ အဆောက်အဦးတစ်လုံးနား ကျတာ၊ အဲ့အဆောက်အဦးထဲမှာရှိတဲ့ အမျိုးသမီး ၄ဦး ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး” လို့ နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ရေဦးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသား နဲ့ ၆နှစ်အရွယ် ကလေးငယ်တွေအပါ ၃ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။