ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အငြိမ်းစား ရဲမှူးဟောင်း ဦးရွှေဇံဟာ ရခိုင်တိုင်းရင်းသားတစ်ယောက် ဖြစ်ပြီး ရခိုင့်တပ်တော် AA နဲ့ ဆက်သွယ်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ သိရပါတယ်။
“ဖမ်းဆီးသွားတာတော့ ဟုတ်ပါတယ်။ စစ်တပ်ကဖမ်းဆီးတာဆိုတော့ ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရဘူး။ သူ့ကိုတော့ AA နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေရှိလို့ ဖမ်းဆီးသွားတယ်ဆိုတာလောက်ပဲ သိရတယ်” လို့ အမည်မဖော်လိုတဲ့ ရဲသတင်းတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
ဖမ်းဆီးခံရပြီးတဲ့နောက် ဦးရွှေဇံရဲ့ မိသားစုဝင်တွေဟာ ရန်ကုန်မြို့က သာကေတ၊ ကြည့်မြင်တိုင်နဲံ အလုံရဲစခန်းတွေမှာ သွားရောက်စုံစမ်းမှုတွေ လုပ်ခဲ့ကြပေမယ့် ဒီနေ့အချိန်အထိ သတင်းအစအန မရတာကြောင့် အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေကြတယ်လို့ ကာယကံရှင် မိသားစုဝင်တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
“သူတို့ စုံစမ်းစစ်ဆေးနေတာ မပြီးသေးလို့ ဘာသတင်းအစအနမှ မထုတ်ပြန်သေးတာ ဖြစ်မှာပါ။ မိသားစုနဲ့ အဆက်သွယ်ကတော့ ရနိုင်မှာမဟုတ်သေးဘူး ။ စစ်ဆေးဆဲကာလဆိုတော့ နီးစပ်တဲ့ စစ်တပ်အသိုင်းအဝိုင်းကနေ စုံစမ်းရင်တော့ သိရနိုင်မှာပါ” လို့လည်း အထက်ပါ ရဲသတင်းတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောခဲ့ပါတယ်။
ပုံစာ – အငြိမ်းစားရဲမှူးဟောင်း ဦးရွှေဇံ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန် PDF တပ်ရင်း ၅၁၀၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်း ကျဆုံး 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ်ဆီ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်းတချို့ကို MDY-PDF ပြန်လည်သိမ်းပိုက်ထား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနှင့် ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်အဖွဲ့တို့ ဇွန်လ (၁၄) ရက် ဒီနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက်က လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။