ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူ ၁၆ ယောက်ကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ကလေးငယ် ၆ယောက်နဲ့အမျိုးသမီး ၅ယောက်ပါဝင်ပြီး သူတို့ဟာ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်းကနေ စစ်ဘေးရှောင်ရင်း ထွက်ပြေးလာကြတာလို့ သိရပါတယ်။
“ဖမ်းဆီးခံရတဲ့သူတွေက ရခိုင်ပြည်နယ် တောင်ကုတ်ကလို့တော့ သိရတယ်။ ငါးသိုင်းချောင်းမြို့နယ် ရွှေယာဉ်ပျော်ကျေးရွာအနီးက တောအစပ်မှာ အကြမ်းဖက်စစ်တပ် ကင်းလှည့်တာနဲ့ တိုးပြီး အဖမ်းခံရတာ။ ဖမ်းဆီးခံရသူတွေထဲက အသက်၁၈ နှစ်၊ ၂၀ လောက်ရှိတဲ့ အမျိုးသား ၅ယောက်ကိုတော့ သီးသန့် စစ်ကားပေါ် တင်ခေါ်သွားတယ်” လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
အဲဒီလူငယ်တွေကလွဲလို့ ကျန်တဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကိုလည်း စစ်တပ်က စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး ထပ်မံခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲမှာ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာနိုင်တဲ့ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းမှန်သမျှကို အကြမ်းဖက်စစ်တပ်က လုံခြုံရေးတိုးမြှင့်ထားပြီး မြို့နယ်တချို့မှာ ညတိုင်း ဧည့်စာရင်းစစ်ကာ တင်းကြပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ပုံစာ – ရခိုင်ဒေသက စစ်ဘေးရှောင်ပြည်သူတွေတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်အုပ်စုထံမှ ကားတစ်စီးနှင့် ဒရုန်း ၅စီး KIA/KPDF ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းကို KIA/KPDF တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရင်း စစ်အုပ်စုရဲ့ ကား ၁စီးနဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

မုံရွာမှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ စစ်သား ၁ ယောက်ကို အနီးကပ်ပစ်ခတ်ရှင်းလင်း…

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားကို တစ်ကိုယ်တော် အနီးကပ်ရှင်းလင်းပြီး သေနတ် ၁ လက်ရယူနိုင်ခဲ့တယ်လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူ ကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံ တစ်သောင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ ရဟန်း ၁၅၉ ပါးနှင့် သီလရှင် ၅၅ ပါး ပျံလွန်တော်မူခဲ့သည်ဟု ဆို

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေးအဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း မင်္ဂလာပွဲအတွက် စခန်းတာဝန်ခံ တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။
Read More

မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ကင်းစခန်းတိုက်ခိုက်ခံရ၊ ၁ ဦး သေပြီး ၃ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။