ချင်းပြည်နယ် ၊ ဟားခါးမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ယောက်အထိ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
လွှာဗာဇုန်းစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၃၀ရက် ၊ ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ခလရ ၂၂၂ တပ်ရင်းမှူးအပါဝင် အကြမ်းဖက်စစ်သား ၁၀ယောက်ကျော် သေဆုံးကာ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်နေ့ကတည်းက ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီစခန်းတွေကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး နိုဝင်ဘာ ၂၆ရက်နေ့မှာ ပွိုင့်- ၃တောင်ကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းအထိနာခဲ့တဲ့စစ်ကောင်စီက ဟားခါးနဲ့ ထန်တလန်မြို့နယ်အကြားကနေရာတွေကို လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ ချင်းပြည်နယ်ထဲက မင်းတပ်နဲ့ ဖလမ်းမြို့နယ်တွေမှာလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ပုံစာ- စစ်ကောင်စီရဲ့ လွှာဗာဇုန်းတပ်စခန်းသိမ်းပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်များကိုတွေ့ရစဥ်
0 Shares:
You May Also Like
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်ချိန် စစ်ကော်မရှင်နှင့် စစ်ရေးရပ်စဲမှုဟာ ဧကန် ငြိမ်းချမ်းရေး မဟုတ်သေးကြောင်း MNDAA စစ်ဦးစီးမှူးချုပ် ပြောကြား

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို များစွာအထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ၂နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ ၁ မှာ စစ်ကော်မရှင်နဲ့ သဘောတူညီထားတဲ့ စစ်ရေးရပ်စဲမှုဟာ နောက်ဆုံးဧကန် ငြိမ်းချမ်းရေး မဟုတ်သေးဘူးဆိုတာ အားလုံးသိထားရမယ်လို့ MNDAA စစ်ဦးစီးမှူးချုပ်က ပြောကြားခဲ့ကြောင်း MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကမ္မဒေသရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ စစ်ရှောင်၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ စစ်ဘေး​ရှောင် ၂ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။