ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲကို ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ပေါင်းစု (ကလလတ) ၊ ရှမ်းလူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ Loikaw Local PDF ၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ၊ ဧရာဝတီဖက်ဒရယ်အင်အားစု၊ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားအဖွဲ့ နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ စတဲ့အဖွဲ့အစည်းအသီးသီးက တက်ရောက်ခဲ့ပြီး ဝရဇိန်တပ်ဖွဲ့အတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေလည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဖယ်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းကနေ သင်တန်းသားအယောက် ၃ဝ ကို ၃လကြာသင်တန်းပေးခဲ့ပြီးနောက် လက်နက်တပ်ဆင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
” လက်နက်ကတော့ ကိုယ်ထူကိုယ်ထ အဓိကတပ်ဆင်ရတာပါ။ တစ်ချို့တစ်ဝက်ကိုလည်း ပြည်သူလူထု၊ EROs နဲ့လူပုဂ္ဂိုလ်တွေက ကူညီပေးပါတယ်။ ၂ နှစ်ကျော် တိတ်တဆိတ် အချိန်ယူခဲ့ရတယ်ပေါ့နော်။ ရန်သူကို ရတဲ့နည်းနဲ့ တိုက်ခိုက်ဖို့ပြင်ဆင်ထားတယ်ဆို ပိုမှန်ပါတယ်ဗျ။ အခြေအနေတိုင်းမှာ အံဝင်ဂွင်ကျဖြစ်ဖို့လည်း ပြင်ဆင်ထားပါတယ်” လို့
ဝရဇိန်တပ်ဖွဲ့တာဝန်ရှိသူ ၁ဦးက မောင်းကိုပြောပါတယ်။
၂၀၂၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတပ်ဦးအနေနဲ့ စစ်အာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစတဲ့ ရည်မှန်းချက်တွေဆီ ဦးတည်လျောက်လှမ်းနေတာလို့လည်း ဆိုပါတယ်။
0 Shares:
You May Also Like
Read More

သီပေါတွင် စစ်ကောင်စီ၏ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

နမ္မတူမြို့နယ် မန်လီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာတော်များ ရွာထဲနေအိမ်များတွင် ခေတ္တသွားရောက် သီတင်းသုံးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီကျောင်းထိုင်ဆရာတော်ထံက သိရပါတယ်။
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
Read More

အထူးတိုင်းစစ်ဌာနမှ ပကဖ စစ်ကြောင်း ၃ ခုအား လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနဟာ တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုကို ခံယူကာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတို့ကို ဒီနေ့မှာ လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးသေဆုံးခဲ့…

“အိုးဘိုထောင်က မကြာခဏဆိုသလို ဆေးဝါးလုံလောက်မှုမရှိတာတွေလည်း ဖြစ်နေပါတယ်။ အရင်ကထက်စာရင် သိသိသာသာကို ပိုများလာပါတယ်။ အကျဉ်းထောင်တွေက အကျဉ်းသား ၁ဦးစီတိုင်းဟာ အသက်ရှင်သန်ပိုင်ခွင့်ကို သေချာပေါက် ရရှိမှာပါဖြစ်ပါတယ်။ ဆေးမလောက်တာတွေ၊ ပြင်ပဆေးရုံကို ပို့ပေးဖို့ ကြန့်ကြာတာတွေ ဒါမျိုးတွေက တဖက်လှည့်ကနေပြီး နိုင်ငံရေးအကျဉ်းသားတွေကို သေဆုံးအောင် သတ်ဖြတ်နေတဲ့ ကိစ္စဖြစ်တယ်လို့ မြင်ပါတယ်” လို့ MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က မောင်းသတင်းဌာနကို ပြောပါတယ်။