မကွေးတိုင်း ဂန်ဂေါ့မြို့နယ် မြောက်ခင်ရန်းပျူစခန်းကနေ ထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက Fixed Wing ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းကို တိုက်မိုင်းတွေ အသုံးပြုပြီး ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာ ၈၁ မမ လက်နက်ကြီး၊ ဒရုန်းတွေ အပါအဝင် လက်နက်ငယ်တွေနဲ့ တော်လှန်ရေးရဲဘော်တွေရှိရာကို ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် ရဲ ဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့နဲ့ ဂန့်ဂေါခရိုင်အမှတ် (၁၊၇၊၁၁၊၁၂၊၁၄၊၁၉) တပ်ရင်းတွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက်၊ ၁၅ ဦးသေပြီး ၁၂ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ စစ်ကော်မရှင် တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၂ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အောက်တိုဘာ ၆ ရက် မနေ့ညပိုင်းက သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ရှိ ပြိုကျနေသည့် အဆောက်အအုံအောက်တွင် နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းမြို့ရှိ ပြိုကျနေတဲ့ အဆောက်အအုံအောက်မှာ နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုက ရုပ်သံနဲ့တကွ ဖော်ပြခဲ့ပါတယ်။
Read More

တော်လှန်အနုပညာရှင်ခါရာ

တော်လှန်အနုပညာရှင်ခါရာက မတရားဖမ်းဆီးချုပ်နှောင်မှုအောက်မှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်ကမ္ဘာလုံးရှိ မြန်မာနိုင်ငံသားတွေအားလုံး ပူး ပေါင်းပြီး သတင်းဖြန့်ဝေပေးဖို့ နှိုးဆော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Read More

ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ တမိုင်းတောင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ရဲ့ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU - Mergui-Tavoy District က သတင်းထုတ်ပြန်ထားပါတယ်။