စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်ဒဏ်ရာအများအပြားသွားကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ -၃ က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်၊ မနေ့ကမနက်ပိုင်းမှာ ချောင်းဦးမြို့ထဲကနေ ထွက်လာတဲ့ အင်အား၃၀ပါ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ငါးယှန်ကျေးရွာအနီးက ဟန်သစ်ဆီဆိုင်နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ချောင်းဦးမြို့ရဲစခန်းတပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေက ချောင်းဦးမြို့အနီးမှာရှိတဲ့ ငါးယှန်ရွာစစ်တပ်ဂိတ်ဆီ နေ့တိုင်းလိုလိုသွားရောက်ပြီး လမ်းသွားလမ်းလာတွေ ကားတွေကို ဆက်ကြေးကောက်ငွေညှစ်နေရာ ၃ရက်အကြာမှာပဲ အခုလို အချိန်ကိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်သားတွေကို ဟန်သစ်ဆီဆိုင်ရဲ့ အရှေ့ဘက် မီတာ ၃၀ အကွာ၊ မိုင်းကွင်းထဲအရောက်ထိ စောင့်ကြို မိုင်းဆွဲခဲ့ရကြောင်းနဲ့ အသေဆုံးစာရင်းမသိရသေးပေမယ့် ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ လျှပ်စီးတပ်ခွဲက ပြောပါတယ်။
ဒါ့အပြင် မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီဘက်ကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် နာရီဝက်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် – ၁၂ တပ်ရင်း တပ်ခွဲ – ၃ ) နဲ့အတူ မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ- ၄ ၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းနဲ့ ရှန်းရှန်းတောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့က အတူ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုက ချောင်းဦးမြို့နဲ့ မုံရွာမြို့နယ်အတွင်းက လမ်းပိုင်းတွေမှာ နေရာယူပြီး ကုန်တင်ကားတွေ ခရီးသွားကားတွေဆီက အနိုင်ကျင့် ငွေတောင်းခံတာတွေ ပိုမိုလုပ်ဆောင်လာကြောင်းသိရပါတယ်။
ပုံစာ- ချောင်းဦးနဲ့မုံရွာအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ဦး သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖမ်းဆီးမှုကို ပြန်လည်ခုခံသည့် ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင်၊ ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ပုသိမ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲအချင်းချင်း ဓားနဲ့ထိုးလို့သေတဲ့ ဒုရဲမှူးကို ခိုးချောင်ခိုးဝှက် မီးသဂြိုလ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်က SB ရုံးမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဓားထိုးခံရလို့သေဆုံးခဲ့တဲ့ အထူးစစ်ဆေးရေးအဖွဲ့ ဒုရဲမှူး အောင်ကိုမင်း ကို စက်တင်ဘာလ ၂၀ရက် ဒီနေ့မနက်ပိုင်းမှာ လူအသိမခံဘဲ ခိုးချောင်ခိုးဝှက် သဂြိုလ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃၄ ဦးအထိ သေဆုံးမှု ရှိ

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၃၄ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။
Read More

မြေပြန့်ဒေသတွင် စစ်ရေးဖော်ဆောင်ဖို့ MDY PDF လူငယ်များကို ဖိတ်ခေါ်နေ 

မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာ စစ်ရေးတွေ ဖော်ဆောင်ဖို့ တော်လှန်စစ် ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်တွေကို ဖိတ်ခေါ်တယ်လို့ မန္တလေး PDF က မနေ့က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။