ချင်းပြည်နယ် ၊ ဟားခါးမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ယောက်အထိ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
လွှာဗာဇုန်းစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၃၀ရက် ၊ ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ခလရ ၂၂၂ တပ်ရင်းမှူးအပါဝင် အကြမ်းဖက်စစ်သား ၁၀ယောက်ကျော် သေဆုံးကာ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်နေ့ကတည်းက ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီစခန်းတွေကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး နိုဝင်ဘာ ၂၆ရက်နေ့မှာ ပွိုင့်- ၃တောင်ကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းအထိနာခဲ့တဲ့စစ်ကောင်စီက ဟားခါးနဲ့ ထန်တလန်မြို့နယ်အကြားကနေရာတွေကို လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ ချင်းပြည်နယ်ထဲက မင်းတပ်နဲ့ ဖလမ်းမြို့နယ်တွေမှာလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ပုံစာ- စစ်ကောင်စီရဲ့ လွှာဗာဇုန်းတပ်စခန်းသိမ်းပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်များကိုတွေ့ရစဥ်
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ၁ နှစ်ကျော်အရွယ် ကလေးငယ် ဒဏ်ရာရကာ မိခင်ဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၁ နှစ်ကျော်အရွယ် သားဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနှင့် တပ်စိတ်မှူး ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံး

96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနဲ့ တပ်စိတ်မှူးတို့ဟာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေ ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ယောဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထုနဲ့ ဆောတို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

တရုတ်-မြန်မာ နယ်စပ်မှာ မူဝါဒအမျိုးမျိုးတွေကြား မြန်မာကုန်သည်တွေ ပိတ်မိနေ

မူဆယ်-ရွှေလီ တနိုင်တပိုင် နယ်စပ်ကုန်စည်ဖြတ်သန်းမှုကို တရုတ်က ကန့်သတ်ပိတ်ပင်လိုက်လို့  မြန်မာကုန်သည်အများစု အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။