ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ သေတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိတ်တဆိတ် လာရောက်သဂြိုလ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးတဲ့ စစ်သားအလောင်းတွေကို လူမသိသူမသိ ဘဲ အကြမ်းဖက်စစ်တပ်က ဇနီးမယားတွေနဲ့ အရာရှိတချို့က ပြုလုပ်ပေးနေတာဖြစ်ပြီး သေဆုံးစစ်သားအများစုဟာ ရခိုင်စစ်မျက်နှာကနေ ဒဏ်ရာရရှိပြီး ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲ ဆေးကုသမှုခံယူနေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
“နိုဝင်ဘာလ ၂၈ရက် မနေ့ကဆိုရင် အိမ်စီးကား ၅စီး ၊ တာလဘက်အုပ်ထားတဲ့ စစ်ကား၁စီး၊ စစ်သားမယားတွေလို့ယူဆရတဲ့ မိန်းမတွေ သီးသန့်စီးတဲ့ကား ၂စီးနဲ့ အကြမ်းဖက်စစ်တပ်က မီးလာသဂြိုလ်သွားတာတွေ့ရတယ်။ ပုံစံကြည့်ရတာတော့ အရာရှိထဲက ဖြစ်လောက်တယ်။ ဘယ်နှလောင်း လာသဂြိုလ်လဲတော့ မသိဘူး” လို့ စစ်တပ်နဲ့နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်နဲ့ ကရင်နီဒေသတွေဆီ ဧရာဝတီတိုင်းထဲက မြို့နယ်မှာ အခြေစိုက်တဲ့တပ်တွေကို ပို့ဆောင်ပေးနေပြီး ရှေ့တန်းစစ်မျက်နှာမှာ သေဆုံးတာ၊ ထွက်ပြေးတာ၊ အညံ့ခံတာတွေ ကြားသိနေရသလို ဒဏ်ရာရသူတွေကိုတော့တိုင်းစစ်ဌာနချုပ်ထဲမှာပဲ ဆေးကုသပေးနေကြောင်း သိရပါတယ်။
“သေတာတောင် ခိုးချောင်ခိုးဝှက် သဂြိုလ်ခံနေကြရပြီ။ ပရိတ်တရားနာတာတွေ ဘာတွေတောင် မလုပ်တော့ဘူး။ လူမမြင်အောင် နာရေးချသလိုမဟုတ်ဘဲ ခိုးချောင်ခိုးဝှက် မသာချနေကြရပြီ မနေ့က ချတဲ့သူကတော့ အရာရှိအကြီးအကဲ ဖြစ်ပုံရတယ်။ တစ်ယောက်တည်းတော့ မကလောက်ဘူး”လို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အမ်းဒေသ တိုက်ပွဲအတွင်း ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် ခဘရ ၁၁ တပ်ရင်းနဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တပ်ရင်းတို့က ဗိုလ်မှူးနဲ့ဗိုလ်ကြီးရာထူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၈ယောက် ထွက်ပြေးသွားလို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ် လို့ သိရပါတယ်။
ပုံစာ – ရွှေမြင်တင်သဂြိုလ်စက်မှာ လာရောက်သဂြိုလ်နေတဲ့ စစ်ကောင်စီတပ်သားများ
0 Shares:
You May Also Like
Read More

မြန်မာ့တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်ဖြစ်အောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေး ပြောကြား

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသည့် လောင်းကစားနှင့် မူးယစ်ဆေးကိစ္စများကို စောင့်ကြည့်ထိန်းကျောင်းရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကို စောင့်ကြည့်ထိန်းကျောင်းသွားဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားလိုက်ပါတယ်။
Read More

PDF စခန်းကို လမ်းပြဒလန် လုပ်ခဲ့သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီရဲ့ လမ်းပြ သတင်းပေးဖြစ်သူ စန်းဌေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။
Read More

PDF နဲ့ပြည်သူတွေ ပူးပေါင်းကျင်းပတဲ့ မိုးမိတ်မြို့က ကထိန်ပွဲ (ဓာတ်ပုံသတင်း)

ပြည်သူနဲ့ PDFရဲဘော်တွေ ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မှာ ဘုံကထိန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲခဲ့ကြပါတယ်။
Read More

မြောင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် စက်တပ်လေထီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ပါတယ်။