အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။
မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန်က နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကို မနေ့က နိုဝင်ဘာ ၂၇ ရက်မှာ တင်သွင်းလိုက်ပြီးတဲ့နောက် အခုလို နိုင်ငံတကာသတင်းဌာနတွေက အထူးသတင်းအဖြစ် ဦးစားပေး ဖော်ပြလာကြတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှက စစ်တပ်ထိပ်သီးခေါင်းဆောင်တွေထဲမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပထမဆုံးအကြိမ် ICC ရဲ့ ဖမ်း၀ရမ်းထုတ်ခံရဖို့ နီးစပ်လာတဲ့ အခြေအနေကို နိုင်ငံတကာ သတင်းဌာနတချို့က ရေးသားဖော်ပြလာခြင်း ဖြစ်ပါတယ်။
မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားလိုက်တဲ့ သတင်းတွေကို CNN ၊ Reuters ၊ AP ၊ AFP ၊ BBC တို့လို ကမ္ဘာ့နာမည်ကျော်သတင်းဌာနကြီးတွေအားလုံးမှာ ထိပ်တန်းသတင်းတွေအဖြစ် ဖော်ပြလာကြတာပါ။
ဒါ့အပြင် နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်း မသိရှိသေးတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့ မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီးတော့လည်း အကျယ်တဝင့် ရေးသားဖော်ပြမှုတွေ လုပ်ခဲ့ကြပါတယ်။
ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန်က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်တာပါ။
ဒီလိုသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးကလည်း လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ခေါင်းဆောင်ကို အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ဖို့ ICC ထံ တောင်းဆိုတိုက်တွန်းမှုတွေလည်း ဆက်တိုက်ပြုလုပ်လာပြီ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ရုံးတော် (ICC) ထံ လျှောက်ထားတောင်းဆိုမှုကြောင့် လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရရုံသာမက ကျူးလွန်ခံနေရတဲ့ ရိုဟင်ဂျာတွေအပါအဝင် ပြည်သူတွေအားလုံးအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ လမ်းကြောင်းပေါ်လာခြင်းဟာ ဖြစ်သင့်ဖြစ်ထိုက်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ICC တရားရုံးဆိုတာကတော့ နယ်သာလန်နိုင်ငံမှာတည်ရှိပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုကျူးလွန်သူတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေကို ဖမ်းဆီးအရေးယူဖို့ ၀ရမ်းထုတ်ပေးတာ၊ အပြစ်ပေးအရေးယူတာတွေ ပြုလုပ်တဲ့ နိုင်ငံတကာခုံရုံးလည်း ဖြစ်ပါတယ်။
ICC တရားရုံးမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်ပြီး အာဆီယံအတွင်းက တစ်ခုတည်းသော ICC အဖွဲ့ဝင်နိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံတစ်နိုင်ငံတည်းသာရှိတာပါ။
၂၀၀၂ ခုနှစ်ကစလို့ ICC ကနေ နိုင်ငံတကာမှာ ဖမ်း၀ရမ်းထုတ်ခံရသူ ၄၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၃၀ကျော်ဟာ နိုင်ငံ့ခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင် တချို့ပါဝင်တယ်လို့လည်း ICC မှာ ဖော်ပြထားပါတယ်။
အများစုဟာ အာဖရိကဒေသက မကြာခဏ စစ်အာဏာသိမ်းလေ့ရှိရာ နိုင်ငံတွေဖြစ်တဲ့ ဆူဒန်၊ အိုင်ဗရီကို့(စ်)၊ ယူဂန်ဒါနိုင်ငံတွေကဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အများစုကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ လွတ်မြောက်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
လတ်တလော ထင်ရှားတဲ့ ဖမ်း၀ရမ်းထုတ်ခံရသူတွေ အနေနဲ့ ၂၀၂၃ ခုနှစ်က ရုရှားသမ္မတပူတင်၊ ၂၀၂၄ ခုနှစ်မှာ အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အစ္စလာမစ်နိုင်ငံတချို့က ခေါင်းဆောင်တွေကိုလည်း နယ်သာလန်နိုင်ငံ အခြေစိုက် ICC က ဖမ်း၀ရမ်းထုတ်ထားပြီး ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

Mytel ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်း အသီးသီးမှာ လည်ပတ်နေတာတွေကို ဖြုတ်ချပေးဖို့ Burma Campaign UK က တောင်းဆို

မြန်မာစစ်တပ်ပိုင် Mytel  ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်းအသီးသီးက လည်ပတ်နေတဲ့ ချန်နယ်တွေကို ဖြုတ်ချပေးဖို့ Burma Campaign UK အမေရိကန်နည်းပညာ ကုမ္ပဏီတွေကို  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတိုက်လေယာဉ် ရောက်လာတာကြောင့် ထိုင်းလေတပ်မှ တိုက်လေယာဉ် ၂စီး အရေးပေါ် စေလွှတ် ထိုင်းစစ်တပ် အချိန်ပြည့် ကင်းလှည့်ကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အနီးကို မြန်မာစစ်ကောင်စီရဲ့ Yak-130 တိုက်လေယာဉ်ရောက်ရှိလာတာကြောင့် ကြားဖြတ်ရန် ထိုင်းအစိုးရဘက်မှ F-16 တိုက်လေယာဉ် ၂ စီးကို ထိုင်းလေတပ်ကနေ အရေးပေါ် စေလွှတ်လိုက်တယ်လို့ ထိုင်းတော်ဝင်လေတပ်ကနေ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအဖွဲ့များက ဆီးရီးယားမြို့တော်ကို သိမ်းပိုက်ပြီး အာဏာရှင် အာဆက်အစိုးရကို ဖြုတ်ချ

ဆီးရီးယားနိုင်ငံမှာ ဟားရက်သူပုန်အဖွဲ့ (HTS) တွေက ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာ မြို့တော် ဒမတ်စ်ကပ်ကို သိမ်းပိုက်ခဲ့ပြီး နှစ်ငါးဆယ်ကြာ အာဏာရှင်အာဆက်အစိုးရပြုတ်ကျကာ သမ္မတ ဘာရှာအလ်အာဆက်လည်း နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။
Read More

မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို

“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်”